အခု အစိုးရသစ်က အရင်အစိုးရထက် အရည်အချင်း နည်းလိမ့်မယ်လို့ ကျနော် မထင်ဘူး: အဲဒီအလှူရှင်တွေ အနေနဲ့ အသာလေးထိုင်ပြီး “ခနစောင့်ပါဦး။ အဲဒီပိုက်ဆံတွေ ဘယ်ရောက်သွားသလဲ၊ ဘယ်လို သုံးသလဲ ဆိုတာ ကို ကြည့်ပါရစေဦး၊ အနာဂတ်မှာ အလားတူ အဖြစ်တွေကို ဘယ်လိုရှောင်ရှားနိုင်မလဲ” လို့ ပြောရမှာဖြစ်ပါတယ်
Thursday, 31 March 2016
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားသင့်၊မထားသင့် ပြန်လည်သုံးသပ်ရမယ့် အမေရိကန်အစိုးရ
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားသင့်၊မထားသင့် ပြန်လည်သုံးသပ်ရမယ့် အမေရိကန်အစိုးရ: မြန်မာနိုင်ငံမှာ လွတ်လွတ်လပ် လပ် ရင်းနှီးမြှုပ်နှံခွင့်ရဖို့ အမေရိကန်ကုမ္ပဏီကြီးတွေက သမ္မတဘာရက်အိုဘားမား အစိုးရကို ဖိအားပေးတောင်းဆိုမှုတွေ ရှိလာပါပြီ။ လက်ရှိအချိန်မှာတော့အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုမူဝါဒပိုင်းကို ပြောင်းလဲဖို့အလေးအနက် စဉ်းစားနေရပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေ ပြဋ္ဌာန်းမည်
ထက်နိုင်ဇော်|March 31, 2016 | Hits:2,945
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့ကို သမ္မတ တာဝန် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်/ဧရာဝတီ)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် သည် တိုင်းပြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တရားဝင် ဥပဒေနှင့်အညီ ဦးဆောင်ခွင့် ရရှိရန် အမျိုးသား လွှတ်တော်တွင် ဥပဒေကြမ်း တရပ် ယနေ့ တင်သွင်းလိုက်ပြီဖြစ်သည်။
ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေကြမ်း ကော် မတီဝင် ဦးအောင်ကြည်ညွှန့်က နိုင်ငံတော် အတိုင်ပင်ခံဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံး ဖြတ်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင် ယင်းဥပဒေကို အမျိုးသားလွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
ယင်းဥပဒေကြမ်းတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်မည်ဟု ဖော်ပြထား ပြီး အဓိကအားဖြင့် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည် ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး တို့သည် ဥပဒေကြမ်း၏ ရည်ရွယ်ချက်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
“ဒီပုံစံက နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံး ဖြစ်တယ်။ ဒါသာ အတည်ပြုနိုင်ရင်တော့ နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိလာသည့် NLD ကိုယ်စားလှယ် အများစုဖြင့် တိုင်းပြည်ကို ဦးဆောင်နိုင်သည့် အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အပေါ်တွင် ထားရှိသည့် စေတနာများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ လွှတ်တော် ဥပဒေများနှင့်အညီ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် ယခု အခွင့်အရေးမျိုးကို ရအောင် အသုံးချခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဧရာဝတီသို့ ပြောသည်။
ဦးလွင်ကိုလတ်က““တိုင်းပြည်အတွက် လိုအပ်တယ်ဆိုရင် ကျနော်တို့ ခေါင်းဆောင်က သူ့ကိုယ်သူ ညှာမှာမဟုတ်ဘူး။ အလုပ်လုပ်မှာ။ ဒါပေမယ့် တရား ဥပဒေ စိုးမိုးရေးကို အလေးထားတဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် သူ(ဒေါ်အောင်ဆန်းစုကြည်) လုပ်တဲ့ အလုပ်တွေ အားလုံးကို ဥပဒေနဲ့ အညီဖြစ်အောင် လုပ်သွားမှာပဲ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုကဲ့သို့ ကြိုးပမ်းမှုကို ဥပဒေနှင့် ညီညွှတ်ပါက ထောက်ခံသွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးမည့် ဥပဒေကြမ်းတင်ပြခြင်းသည် နိုင်ငံသူ နိုင်ငံသားတို့၏ ဆန္ဒ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က လွှတ်တော်တွင် အဆိုတင်သွင်း စဉ် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးမည့် ဥပဒေကြမ်းတင်ပြခြင်းသည် နိုင်ငံသူ နိုင်ငံသားတို့၏ ဆန္ဒ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က လွှတ်တော်တွင် အဆိုတင်သွင်း စဉ် ပြောဆိုခဲ့သည်။
တိုင်းပြည်အသွင် ကူးပြောင်းမှုကာလတွင် ပြည်သူလူထုအပေါ် အမှန်တကယ် သြဇာညောင်းသည့် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင်သင့်သော်လည်း ကန့်သတ်ခံထားရသည့် အခြေအနေတွင် ပုံစံတမျိုးဖြင့် ဥပဒေနှင့် အညီ ဦးဆောင်နိုင်ရန် ယခုကိစ္စကို စီစဉ်ရခြင်း ဖြစ်သည်ဟု NLD အသိုင်းအ၀ိုင်းက ပြောသည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးနိုင်သည့်အပြင် အစိုးရအဖွဲ့၊ ဌာနုဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။
http://burma.irrawaddy.com/news/2016/03/31/111504.html မှ ကူးယူထားပါသည်။
Wednesday, 30 March 2016
အမေရိကန်သမ္မတအိုဘားမား၏ သမ္မတဦးထင်ကျော် ရာထူးတာဝန်လွှဲပြောင်းရယူခြင်းအတွက် ထုတ်ပြန်သောကြေညာချက်
အမေရိကန်သမ္မတအိုဘားမား၏ သမ္မတဦးထင်ကျော် ရာထူးတာဝန်လွှဲပြောင်းရယူခြင်းအတွက် ထုတ်ပြန်သောကြေညာချက်: သမ္မတဦးထင်ကျော် ရာထူးတာဝန်လွှဲပြောင်းရယူ လက်ခံခဲ့ပြီးဖြစ်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းကို မြန်မာ့သမိုင်း၏ အံ့သြဘနန်း အခိုက်အတန့်အဖြစ် အမေရိကန်သမ္မတအိုဘားမား၏ သမ္မတဦးထင်ကျော် ရာထူးတာဝန်လွှဲပြောင်းရယူခြင်းအတွက် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
ကာလုံဖွဲ့စည်းကြောင်း အပါအဝင် ကြေညာချက်လေးခု၊ အမိန့်ခုနစ်ခု သမ္မတသစ် လက်မှတ်ရေးထိုးထုတ်ပြန်
ကာလုံဖွဲ့စည်းကြောင်း အပါအဝင် ကြေညာချက်လေးခု၊ အမိန့်ခုနစ်ခု သမ္မတသစ် လက်မှတ်ရေးထိုးထုတ်ပြန်: အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက် အပါအ၀င် ကြေညာချက်လေးခု၊ အမိန့်ခုနစ်ခုတို့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး၍ အစိုးရသစ် စတင်တာဝန်ယူသည့်နေ့၌ ထုတ်ပြန် ကြေညာခဲ့သည်။
ပန်းဂေါ်ဖီစိမ်းက အသည်းကင်ဆာကို ကာကွယ်နိုင်
သုတေသနကို အီလီနွိုက်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပန်းဂေါ်ဖီစိမ်းကို တစ်ပတ် သုံးကြိမ်ကနေ ငါးကြိမ်ထိ စားပေးခြင်းဟာ အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုသစ်တစ်ရပ်က တွေ့ရှိခဲ့ပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရ သုတေသနကို အီလီနွိုက်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အသည်းရဲ့လုပ်ဆောင်ချက်ကို ထိခိုက်ကာ အသည်းကင်ဆာကို ဖြစ်စေတဲ့ အသည်းအဆီဖုံးမှုကို တိုက်ဖျက်ရာမှာ အကူအညီဖြစ်စေတယ်လို့ ဆိုပါတယ်။ ယခင်ကတည်းက ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာတွေကို ကာကွယ်စေနိုင်တယ်လို့ ဆိုနေကြပေမဲ့ အခုလိုမျိုး အသည်းကင်ဆာတစ်ခုတည်းကိုပဲ လေ့လာသူမရှိဘူးလို့ သုတေသနကို ပြုလုပ်ခဲ့သူ အဲလိဇက်ဂျက်ဖာရီက ပြောကြားထားပါတယ်။
carcinogen ဆိုတဲ့ ပစ္စည်းဟာ အသည်းကင်ဆာကိုဖြစ်စေတယ်လို့ သိကြပြီး အဆိုပါ carcinogen ရှိနေတဲ့ ကြွက်တွေကို ပန်းဂေါ်ဖီစိမ်းကျွေးကာ သုတေသနက စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
Photos & Source: Daily Mail
http://www.duwun.com.mm/lifestyle/-id4860020.html မှ ကူးယူထားပါသည်။
အရပ်သားသမ္မတ ဦးထင်ကျော်ထံသို့ သမိုင်းဝင် အာဏာလွှဲပြောင်း
အရပ်သားသမ္မတ ဦးထင်ကျော်ထံသို့ သမိုင်းဝင် အာဏာလွှဲပြောင်း: နိုင်ငံတော်နဲ့ သင့်တော်မယ့်၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ဖြစ်ပေါ် လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တ နေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်လာရေး အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက် သွားရမှာ ဖြစ်တယ် လို့ သိနားလည်ထားပါတယ်
ဒီမိုကရေစီစံချိန် စံညွှန်းများနှင့်ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်းဆောင်ရွက်ရမယ့်တာဝန်ရှိကြောင်း သမ္မတဦးထင်ကျော်ပြောကြား
ဒီမိုကရေစီစံချိန် စံညွှန်းများနှင့်ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်းဆောင်ရွက်ရမယ့်တာဝန်ရှိကြောင်း သမ္မတဦးထင်ကျော်ပြောကြား: လွှတ်တော်နာယကကြီး ၊လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လာသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူနိုင်ငံသားများခင်ဗျား
ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံရတာဟာ အထင်ကရသမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်များစွာဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်။
နိုင်ငံတော်သမ္မတဖြစ်လာတာနဲ့အညီ ကျွန်တော်ကပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံရတာဟာ အထင်ကရသမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်များစွာဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်။
နိုင်ငံတော်သမ္မတဖြစ်လာတာနဲ့အညီ ကျွန်တော်ကပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
Tuesday, 29 March 2016
နိုင်ငံတော်သမ္မတ၏ အဆောင်အယောင်ရွှေစလွယ်ကို ပေးအပ်
သမ္မတဦးသိန်းစိန် က သမ္မတဦးထင်ကျော်ထံသို့ နိုင်ငံတော်သမ္မတ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးအပ်သည့် ကြေညာချက် ကို ပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ၏ အဆောင်အယောင်ရွှေစလွယ်ကို ပေးအပ်ခဲ့သည်။
http://www.7daydaily.com/story/61645 မှ ကူးယူထားပါသည်။
သမ္မတကျမ်းသစ္စာကြိမ်ဆိုသည့်နေ့
သမ္မတကျမ်းသစ္စာကြိမ်ဆိုသည့်နေ့: သမ္မတသစ် ဦးထင်ကျော်နှင့်သမ္မတများကျမ်းသစ္စာကြိမ်ဆိုသွားမည့် ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်သည်။
သမ္မတ ဦးထင်ကျော်နှင့်ဒုတိယသမ္မတများဖြစ်သော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့ ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်တွင် ကတိသစ္စာပြုနေကြပြီဖြစ်သည်။
သမ္မတ ဦးထင်ကျော်နှင့်ဒုတိယသမ္မတများဖြစ်သော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့ ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်တွင် ကတိသစ္စာပြုနေကြပြီဖြစ်သည်။
သမ္မတကတိသစ္စာပြုအခမ်းအနား.
သမ္မတကတိသစ္စာပြုအခမ်းအနား.: ယနေ့ (မတ်လ၃၀ ) ရက်နံနက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သမ္မတ ဦးထင်ကျော်နှင့်ဒုတိယသမ္မတများဖြစ်သော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့ ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
အလှူအတန်းနဲ့ CSR မတူ
ကျော်ဆုမွန်|March 26, 2016
အလှူအတန်း အလွန်ရက်ရောသည့် လူချမ်းသာဆုံးသူများနှင့် အဆင်းရဲဆုံး ပြည်သူများအကြား ကွာဟချက် အလွန် ကြီးမား နေသော မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍသည် စီးပွားရေးလုပ်ကိုင်ရာတွင် လူမှုရေးအရပါ ပူးပေါင်းတာဝန်ယူခြင်း (Corporate Social Responsibility – CSR) ကို မဖြစ်မနေ လက်ခံကျင့်သုံးချိန်တွင် အခက်အခဲများ ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင် ပါသည်။
တချိန်က အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် CSR သဘောတရားကို ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်းတွင် ပိုမိုသတိထား မိလာကြသည်။ သို့သော်လည်း ကုမ္ပဏီ အများအပြားက အဆိုပါဝေါဟာရကို အလွန်အကျွံ သုံးစွဲမှုများနှင့် အဓိပ္ပါယ်မှန်ကို ရောထွေးနားလည်မှုများလည်း ဖြစ်စေခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြသည်။ ထို CSR ဟု အမည်တပ်ကာ လှုပ်ရှားမှုများ ပြုလုပ်ကြသူများအနက် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ အုပ်စုကြီးများ ဖြစ်ကြသော ဦးဇော်ဇော်၏ Max Myanmar Group၊ ဦးတေဇ၏ Htoo Group နှင့် ဦးအောင်ကိုဝင်း ၏ Kanbawza (KBZ) Group တို့လည်း အပါအ၀င်ဖြစ်သည်။
၎င်းတို့ ၃ ဦးထဲတွင် ဦးဇော်ဇော်နှင့် ဦးတေဇတို့မှာ အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းတွင် ပါဝင်နေဆဲဖြစ်ပြီး အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခြင်းခံထားရသည်။ အမေရိကန်အစိုးရ၏ ဒီမိုကရေစီကို ထောက်ခံသည့် မူဝါဒကို ဆန့်ကျင်ခဲ့သော ယခင်စစ်အစိုးရနှင့် အတူ အလုပ်လုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ခရိုနီစာရင်းဝင်များ ဖြစ်သောကြောင့်ဟု ယူဆနိုင်သည်။ အမေရိကန် ဘဏ္ဍာရေးဌာနက နာမည်ပျက်စာရင်းဝင် အချို့ကို ပယ်ဖျက် ပေးခဲ့ခြင်း နှင့် စာရင်းထဲတွင်ပါဝင်ဆဲသူများအနေဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ပြောဆိုခဲ့ခြင်းများကြောင့် လတ်တလောနှစ်များအတွင်း နာမည်ပျက်စာရင်းဝင် ကုမ္ပဏီများက CSR လုပ်ငန်းများ စတင် ဆောင်ရွက် လာခြင်း ဖြစ်သည်ဟု ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့သည်။
မြန်မာနိုင်ငံမှ ကုမ္ပဏီကြီးများက ၎င်းတို့၏ ကိုယ်ပိုင် ပရဟိတဖောင်ဒေးရှင်းများ ထူထောင်၍ CSR လုပ်ငန်းများကို စတင်ခဲ့ကြပြီး ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်နှစ် အတွင်းတွင် ဦးဇော်ဇော်၊ ဦးတေဇနှင့် ဦးအောင်ကိုဝင်းတို့က သူတို့ လုပ်ငန်းအုပ်စုများ အမည်ဖြင့် ဖောင်ဒေးရှင်းများ ထူထောင်ခဲ့ကြသည်။
အဆိုပါ စီးပွားရေး လုပ်ငန်းကြီးများက မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေး လုပ်ငန်းများတွေ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသော်လည်း သူတို့၏ ပူးပေါင်းပါဝင်မှုသည် နိုင်ငံတကာမှ သတ်မှတ်လက်ခံထားသည့် CSR ၏ စံနှုန်းများနှင့် ကိုက်ညီမှုရှိသည်ဟု ယူဆနိုင်ခြင်း မရှိသေးပါ။
“CSR နဲ့ ပတ်သက်လို့ ကျနော်နားလည်တာကတော့ ဒါက လူမှုအသိုင်းအ၀ိုင်းအတွက် ရေရှည်အကျိုးသက်ရောက်မှု ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စီးပွားရေး အမြောက်အမြားက CSR လို့ တံဆိပ်ကပ်ထားပေမယ့် အများစုက အလှူအတန်း လုပ်တာတွေသာ ဖြစ်နေတယ်” ဟု ပါရမီ စွမ်းအင်ကုမ္ပဏီ အုပ်စုမှ CSR မန်နေဂျာ ဦးအောင်မျိုးရှိန် က ဧရာဝတီသို့ ပြောသည်။
အကြမ်းအားဖြင့် CSR သည် မိမိလုပ်ငန်းကြောင့် ရပ်ရွာအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရှောင်ကျဉ်ခြင်းမှသည် ရရှိသော အမြတ်အစွန်း၏ သတ်မှတ်ထားသော ရာခိုင်နှုန်းကို မိမိလုပ်ငန်းကြောင့် ထိခိုက်ခံစားရသော ရပ်ရွာအသိုင်းအဝိုင်း သို့မဟုတ် အမှန်တကယ် လိုအပ်နေသောသူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ပုံမှန် ထည့်ဝင်ပေးခြင်းတို့အထိ ပါဝင်သည်။
မြန်မာနိုင်ငံတွင်မူ ပြီးခဲ့သည့် နှစ်များအတွင်း CSR စတင်ဆောင်ရွက်မှုများက ကို့ယို့ကားယား အမြင်အချို့ကို ဖြစ်စေခဲ့သည်။ ပြည်ပတွင် အခက်အခဲကြုံတွေ့ခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာသော အလုပ်သမားများက ကမ္ဘောဇဘဏ်၏ ကြော်ငြာ အင်္ကျီကို ၀တ်ထားခြင်းမျိုးမှသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များကို လေ့ကျင့်သင်တန်း ပေးရန်အတွက် အမေရိကန်အစိုးရ၏ နာမည်ပျက်စာရင်းဝင် ဦးတေဇ ပိုင်ဆိုင်သည့် ဘဏ်တခုမှ အလှူငွေ လက်ခံပေးခြင်းမျိုး အထိဖြစ်သည်။
CSR နှင့် ပတ်သက်၍ အဓိပ္ပါယ်ကောက်ယူမှုများ ရောထွေးေ၀၀ါးနေချိန်တွင် CSR စတင်ဆောင်ရွက်မှုများ၏ နောက်ကွယ်တွင် မလိုလားအပ်သော နောက်ခံအကြောင်းအရာများ ရှိနေသည်ဟု အချို့ကပြောကြသည်။
“CSR ဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းက ငွေကြေးခ၀ါချဖို့အတွက် နည်းလမ်းကောင်းတခုပဲ။ တကယ့် CSR အစစ်က စီးပွားရေး လုပ်ငန်းတွေအနေနဲ့ သူတို့က လူမှုအသိုင်းအ၀ိုင်းကို ဘယ်လိုကောင်းကျိုး ပေးနိုင်မလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ ဒါပေမယ့် အများစုက ဟန်ပြလုပ်ကြတယ်။ ရောထွေးနေတယ်” ဟု ဦးအောင်မျိုးရှိန်ကပြောသည်။
ထိုသို့ရောထွေးမှုများ ရှိနေချိန်တွင် ပြည်သူအသီးသီးကလည်း CSR ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ Asean CSR Network ၏ အမှုဆောင်အရာရှိချုပ် Thomas Thomas က CSR သည် ငွေကြေးကို မည်သို့သုံးစွဲသနည်းဆိုခြင်း မဟုတ် ဘဲ မည်ကဲ့သို့ရှာ ဖွေသနည်း ဆိုသည့် အချက်ဖြစ်သည်ဟုပြောသည်။
“မကောင်းမှုတွေ အများကြီးလုပ်တယ်။ ပြီးတော့ ဘုရားကျောင်းတွေ စေတီတွေ ဗလီတွေ ဆောက်ဖို့ ကြိုးစားကြတယ်။ အလှူ အတန်းတွေလုပ်ကြတယ်။ ဘုရားသခင်က ခွင့်လွှတ်တယ်လို့ ပြောတယ်။ အဲဒီလိုမျိုး တွေနဲ့ CSR က မဆိုင်ပါဘူး” ဟု သူက Reporting Asean သို့ မကြာသေးမီက ပြောခဲ့သည်။
ယခုကိစ္စတွင် သူက အမေရိကန် အစိုးရ၏ သဘောထားနှင့် တူညီသည့် အသွင်ရှိ သည်။ ၂၀၁၄ ခုနှစ်အတွင်းက အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စာရင်းမှ ပယ်ဖျက်ပေးစေရန် မည်ကဲ့သို့ ဆောင်ရွက်ပေးရန် လိုအပ်သည်ဆိုခြင်းများကို ရှင်းလင်းခဲ့သော အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာ ဒုတိယ ၀န်ကြီး Tom Malinowski က CSR သည် အလှူအတန်း ရက်ရောမှုထက် ပိုသည် ဟု ဧရာဝတီသို့ ပြောခဲ့သည်။
“အလှူဒါနပြုတာတွေကို ကြိုဆိုပေမယ့် ထည့်သွင်း စဉ်းစားမှာမဟုတ်ဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ ပြီးပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ငွေကိုဘယ်လို သုံးစွဲတယ်ဆိုတာက အရေးမကြီးပေမယ့် ဘယ်လို ရှာဖွေသလဲ ဆိုတာက အရေးကြီးပါတယ်” ဟု သူကဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ဖူးသော Myanmar Centre for Responsible Business (MCRB)၏ ဒါရိုက်တာ Vicky Bowman က အမှန်တကယ် အားဖြင့် မြန်မာစီးပွားရေး လုပ်ငန်းအများအပြားက တိကျရေရာမှု မရှိသည့် CSR ဆိုသည့် စကားလုံးကို မသုံးစွဲလိုကြကြောင်းပြောသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ ပြည်သူများက ၎င်းကို ကွဲပြားသည့် အဓိပ္ပါယ် အမျိုးမျိုးဖြင့် နားလည်ကြသောကြောင့် ဖြစ်သည်။
မကြာသေးမီက ကရင်ပြည်နယ် ဘားအံမြို့တွင် MCRB ကုမ္ပဏီများအတွက် အလုပ်ရုံဆွေးနွေးပွဲတခုပြုလုပ်ခဲ့ပြီး CSR သည် “လူမှုအသိုင်းအ၀ိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊ ပရဟိတလုပ်ငန်း၊ အထောက်အပံ့ပေး ခြင်း နှင့် သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေး ” ဟုနားလည်ကြသလား သို့မဟုတ် “စီးပွားရေး လုပ်ငန်းများက လူမှုအသိုင်းအ၀ိုင်းအပေါ် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးသက်ရောက်မှုအတွက် တာဝန်ယူခြင်း” ဟု နားလည်ကြသလားဆိုသည်ကို စစ်တမ်းကောက်ယူခဲ့သည်။ ဒုတိယ ဖွင့်ဆိုချက်မှာ ဥရောပ သမဂ္ဂ၏ ဖွင့်ဆိုချက်ဖြစ်သည်။
ကုမ္ပဏီများ၏ အဖြေက ၅၀ ရာခိုင်နှုန်းစီ ဖြစ်နေသည်။ ၂ မျိုးလုံးဖြစ်သည်ဟု ယူဆသူ အချို့ပင်ရှိသည်ဟု Vicky Bowman ကပြောသည်။
MCRB အနေဖြင့် CSR အစား ကွဲပြားသည့် ဝေါဟာရ ၂ ခုကို အသုံးပြုသည်ဟု Vicky Bowman ကဆိုသည်။ စီးပွားရေး လုပ်နည်းလုပ်ဟန်ပေါ်တွင် ရည်ညွှန်းသည့် “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း” ဆိုသည့် စကားလုံး နှင့် စီးပွားရေး လုပ်ငန်းများ အတွက် အခြေခံကျသည့် ဥပဒေနှင့် ကျင့်ဝတ်များထက် ပိုလွန်သော“ လူမှုအသိုင်းအ၀ိုင်းတွင် ရင်းနှီးမြှုပ်နှံ ခြင်း” သို့ မဟုတ် “တန်ဘိုးဝေမျှမှုကို ဖန်တီးခြင်း” တို့ ဖြစ်သည်။
“ကျန်တာကတော့ ပရဟိတပေါ့။ စီးပွားရေးနဲ့ မဆိုင်ပါဘူး။ ပရဟိတလုပ်တာ မမှားပါဘူး။ တကယ်တော့ အဲဒါက အံ့သြစရာ ကောင်းပါတယ်။ နိုင်ငံအတွက် ဂုဏ်ယူစရာက မြန်မာနိုင်ငံက ကမ္ဘာမှာ အလှူဒါနပြုတဲ့နေရာမှာ ထိပ်တန်းက ရှိနေတယ်ဆိုတာပါပဲ” ဟု သူကပြောသည်။ လန်ဒန်အခြေစိုက် Charitable Aid Foundation ၏ ကမ္ဘာပေါ်တွင် အလှူဒါန ပြုလုပ်မှုအများဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် နောက်တကြိမ်ပြန်လည်ပါဝင်လာခဲ့ခြင်းကို ရည် ညွှန်းခြင်း ဖြစ်ပါသည်။
“ဒါပေမယ့် CSR ကို ကျောင်းတွေ၊ ဆေးခန်းတွေ ဆောက်ပေးတာနဲ့ သရုပ်ဖော်လို့ မရပါဘူး။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှု၊ အကျင့်ပျက်ခြစားမှု သို့မဟုတ် အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မှုတွေနဲ့ ငွေရှာခဲ့တယ်ဆိုရင်ပေါ့” ဟု သူက ဆက်ပြောသည်။
CSR အတွက် အရေးပါသည်မှာ ကုမ္ပဏီတခုက လူမှုအသိုင်းအ၀ိုင်း၏ သဘောတူညီမှုကို ကြိုတင်ရယူဆောင်ရွက်ခြင်း (social license) ဖြစ်သည်ဟု Vicky Bowman ကဆိုသည်။
“ဒါက သပိတ်မှောက်တာတွေ ဆန္ဒပြတာတွေ မရှိဘဲနဲ့ လုပ်ကိုင်ခွင့်ရတာမျိုး ဖြစ်ပါတယ်။ မြစ်ဆုံနဲ့ ဒဂုံစီးတီး စီမံကိန်းတွေ မှာ မြင်တွေ့ရသလိုပဲ ပြည်သူရဲ့ သဘောထားထင်မြင်ချက်ကို အလေးထားမှု ပိုတိုးလာနေတဲ့ အစိုးရဆီကလည်း တရားဝင်လုပ်ကိုင်ခွင့်တွေ ပိုပြီး လွယ်လွယ်ကူကူရမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။ ပြည်သူတို့၏ ဆန့်ကျင်ကန့်ကွက်မှုကို ကြီးမားစွာ ကြုံတွေ့ခဲ့ရသည့် အငြင်းပွားဖွယ်ရာ ရေအားလျှပ်စစ် စီမံကိန်းနှင့် အဆင့်မြင့် အိမ်ယာ စီမံကိန်းများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။
“သဘောတရား အရဆိုရင်တော့ ဥပဒေကို ချိုးဖောက်ခဲ့ရင် တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတခု မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီမှာက စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ ချမှတ်ကျင့်သုံးနေတဲ့ ဥပဒေတွေက မရှင်းလင်းမှုတွေ၊ အသစ်ဖြစ်နေ တာတွေ၊ မသိရတာတွေ၊ အငြင်းပွားဖွယ်ရာ ဖြစ်နေတာတွေ၊ အစဉ်တစိုက် ကျင့်သုံးမှုမရှိတာတွေကို မကြာခဏ တွေ့နေရပါတယ်” ဟု Vicky Bowman က ပြောသည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီအများစု၏ အဓိက စိန်ခေါ်မှုမှာ ဥပဒေကို လေးစားလိုက် နာမှု အားနည်းခြင်း ဖြစ်ပြီး အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေစည်းကမ်းများ ရှားပါးသည့် အတွက် လေထု ရေထု ညစ် ညမ်းမှုများ ကြုံတွေ့လာရသည့်အခါတွင် ပို၍ မြင်သာထင်ရှားလာသည်ဟု သူက ထောက်ပြသည်။
ဧဒင် ကုမ္ပဏီ အုပ်စု၏ ဥက္ကဌ ဦးချစ်ခိုင် ကလည်း အလားတူ သဘောထား ရှိသည်ကိုတွေ့ရသည်။
“CSR ကို စနစ်တကျလေ့လာနိုင်ဖို့ အစိုးရက ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။ အခုအချိန်က မိသားစု စီးပွားရေး ပုံစံကနေ နိုင်ငံတကာ စံနှုန်းပုံစံကို ပြောင်းလဲရတော့မယ့် အချိန်ပါ” ဟု ဦးချစ်ခိုင်က ပြောသည်။
http://burma.irrawaddy.com/business/2016/03/26/111111.html မှ ကူးယူထားပါသည်။
Monday, 28 March 2016
တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များအား လွှတ်တော်အသီးသီး၌ အတည်ပြုခန့်အပ်
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်လဲ့လဲ့မော်
တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များ၏ အမည်စာ ရင်းများကို သက်ဆိုင်ရာ လွှတ် တော်အများစုတွင် ယမန်နေ့က အသီးသီး အတည်ပြုကြေညာခဲ့ သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့်လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံရသူက အဆိုပြုသည့် ၀န်ကြီးချုပ်များ အမည်စာရင်းကို အတည်ပြုခဲ့ကြခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက အတည်ပြုခဲ့ကြသော ၀န်ကြီးချုပ်များမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဦးညီပု၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမန်း ဂျော်နီ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာဇော် မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်မိုးညို၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးဝင်းသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး ချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီး ချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်၊ ကယားပြည်နယ်ဝန်ကြီးချုပ်အ ဖြစ် အယ်လ်ဖောင်းရှိ၊ ကရင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဆလိုင်းလျန်လွယ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦး၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်တို့ဖြစ်သည်။
ခန့်အပ်လိုက်သော ၀န်ကြီး ချုပ် ၁၄ ဦးတွင် နှစ်ဦးမှာ အမျိုး သမီးဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဝန် ကြီးချုပ်များတွင် ပထမဆုံးအမျိုး သမီးဝန်ကြီးချုပ်များဖြစ်လာမည် ဖြစ်သည်။
‘‘အခုလို ကျွန်တော့်ကို ရွေး ချယ်ခန့်အပ်တဲ့ သူတွေကိုရော၊ ကျွန်တော့် မဲဆန္ဒရှင်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ရန်ကုန်မြို့ မှာက လုပ်စရာအလုပ်တွေ၊ စိန် ခေါ်မှုတွေအများကြီးရှိပေမယ့် စွမ်းစွမ်းတမံဆောင်ရွက်သွားမှာ ပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူ ဦးဖြိုးမင်းသိန်းက ပြောသည်။
ကချင်ပြည်နယ်လွှတ်တော် မှာမူ မတ်လ ၂၈ ရက်က မကျင်း ပဖြစ်သည့်အတွက် အတည်ပြု ကြေညာနိုင်ခြင်းမရှိသေးသော်လည်း ကြိုတင်ထုတ်ပြန်ထားသော အမည်စာရင်းတွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်အား ရွေးချယ်ထားကြောင်း ပါရှိသည်။
ယခုအတည်ပြုခန့်အပ်ခံရ သူများသည် မတ်လ ၂၇ ရက်က ကြိုတင်သတင်းထွက်ထားသည့် စာရင်းအတိုင်းဖြစ်ပြီး နေရာအ များစုတွင် ကန့်ကွက်သူမရှိဘဲ အ တည်ပြုနိုင်ခဲ့သည်။
ရခိုင်ပြည်နယ်လွှတ်တော်၌ ဒီချုပ်ပါတီဝင် ဦးညီပုကို ပြည် နယ်ဝန်ကြီးချုပ်အဖြစ် အမည်စာ ရင်းတင်သွင်းခဲ့၍ ရခိုင်အမျိုးသား ပါတီ(ANP)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များလွှတ် တော်အစည်းအဝေးမပြီးမီ အ စည်းအဝေးခန်းမထဲမှထွက်ခွာပြီး သပိတ်မှောက်ခဲ့ကြသည်။တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များအနေဖြင့် တစ်လ လျှင် လစာ ကျပ် သိန်း ၃၀ရရှိမည် ဖြစ်ပြီး မော်တော်ယာဉ်လေးစီး (တစ်စီးလျှင် တစ်လ ဆီဂါလန် ၆၀)၊ ယာဉ်ထိန်းသိမ်းစောင့် ရှောက်ခြင်း အခမဲ့ခံစားခွင့်ရှိ ကြောင်း သတင်းရရှိသည်။
ထို့အပြင် အစိုးရနေအိမ် တွင် အခမဲ့နေထိုင်ခွင့်၊ ပြည်တွင်း အခမဲ့ဆေးကုသခွင့်၊ ရေအခမဲ့ သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းဖုန်း ခေါ်ဆိုမှုအတွက် အခမဲ့သုံးစွဲခွင့် တို့ကိုလည်း ရရှိမည်ဟု ဆိုသည်။
ဆက်လက်၍ ကိုယ်ရေးအ ရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ယာဉ်မောင်းလေးဦးနှင့် လုံခြုံရေး အစောင့်အရှောက်တို့လည်း ရရှိ မည်ဟုသိရသည်။
http://www.7daydaily.com/story/61552 မှ ကူးယူးထားပါသည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်ကိုခန့်အပ်
တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်ကိုခန့်အပ်: တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် သရက်ချောင်းမဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာလဲ့လဲ့မော်ကို ယနေ့(မတ်လ၂၈ရက်) နံနက်က ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ခန့်အပ်လိုက်သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးကိုခန့်အပ်
မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးကိုခန့်အပ်: မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမင်းမင်းဦးကို ယနေ့(မတ်လ ၂၈ရက်)တွင် ပြုလုပ်သောမွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်ကိုခန့်အပ်
ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်ကိုခန့်အပ်: ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာလင်းထွဋ်ကို ခန့်အပ်လိုက်ပြီဖြစ်သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်း အဝေး ဆဌမမြောက်နေ့ဖြစ်သည့် ယနေ့(မတ်၂၈ ရက် ) နံနက်ပိုင်းတွင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ
အဖြစ် ရွေးချယ်ခြင်းခံရသူက အမည်စာရင်းပေးပို့ ခန့်အပ်သည့် ပြည်နယ် ဝန်ကြီးချုပ် အမည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာလင်းထွဋ်သည် ဒီချုပ်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တရားမျတရေး ခွင့်တူညီမျှရေး နှင့် တိုင်းရင်းသား အရေးကို ဦးစားပေး
ဆောင်ရွက်သွားမည်ဟု 7Day Daily သို့ပြောကြားခဲ့သည်။
အဖြစ် ရွေးချယ်ခြင်းခံရသူက အမည်စာရင်းပေးပို့ ခန့်အပ်သည့် ပြည်နယ် ဝန်ကြီးချုပ် အမည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာလင်းထွဋ်သည် ဒီချုပ်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တရားမျတရေး ခွင့်တူညီမျှရေး နှင့် တိုင်းရင်းသား အရေးကို ဦးစားပေး
ဆောင်ရွက်သွားမည်ဟု 7Day Daily သို့ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီကို ခန့်အပ်
ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီကို ခန့်အပ်: ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ကျုံပျော်မြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မြေမှ ဦးမန်းဂျော်နီအား ယနေ့(မတ်လ ၂၈ရက်) နံနက်ကပြုလုပ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခန့်အပ်လိုက်သည်။ ဓာတ်ပုံ -သက်ဆွေ
မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်ကိုခန့်အပ်
မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်ကိုခန့်အပ်: မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် အမရပူရ(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို ခန့်အပ်လိုက်ကြောင်း ယနေ့( မတ်လ ၂၈ရက်) နံနက်တွင် ကျင်းပသော မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ဓာတ်ပုံ - ပိုင်စိုးသူ
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်းကိုခန့်အပ်
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်းကိုခန့်အပ်: ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လှည်းကူးမဲဆန္ဒနယ်အမတ် ဦးဖြိုးမင်းသိန်းအား ခန့်အပ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ယနေ့(မတ်လ ၂၈ရက်)နံနက်တွင် အတည်ပြုကြေညာလိုက်သည်။
တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်သစ် အမည်စာရင်းများ ထွက်ပေါ်
တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်သစ် အမည်စာရင်းများ ထွက်ပေါ်: ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် အမည်စာရင်းများ လွှတ်တော်များသို့ တရားဝင်တင်သွင်းကြေညာမည့် မတ်လ ၂၈ ရက် မတိုင်မီ တစ်ရက်အလိုကတည်းက ထွက်ပေါ်ခဲ့သည်။
ဒလိုင်းလားမားသည် တိဘက် ဗုဒ္ဓဘာသာဝင်များကို အရူးလုပ်နေ ကြိုးစားနေဟု တရုတ်စွပ်စွဲ
ဒလိုင်းလားမားသည် တိဘက် ဗုဒ္ဓဘာသာဝင်များကို အရူးလုပ်နေ ကြိုးစားနေဟု တရုတ်စွပ်စွဲ: ဘုန်းတော်ကြီး ဒလိုင်းလားမားသည် တိဘက် ဗုဒ္ဓဘာသာဝင်များကို အရူးလုပ်ရန် ကြိုးစားနေသူ တစ်ဦးဖြစ်ကြောင်း တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းက စွပ်စွဲ ပြောကြားလိုက်သည်။
Friday, 25 March 2016
မျက်ကြည်လွှာကို သဘာဝ အတိုင်း ပြန်လည် တည်ဆောက်ပေးသည့် ခွဲစိတ်မှု အောင်မြင်
အောင်ဇံ
လန်ဒန်၊ မတ် ၁၁
တရုတ်နိုင်ငံမှ မျက်လုံးတိမ်ရှိသည့် ကလေးများကို သဘာဝ အတိုင်း မျက်ကြည်လွှာ အစားထိုးပေးသည့် ခွဲစိတ်မှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အမြင်အာရုံ ပျောက်ဆုံးမှု ထက်ဝက်ကျော်သည် တိမ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ မျက်လုံး ထဲရှိ မှန်ဘီလူးခုံး အလွှာပေါ်တွင် တိမ်ကဲ့သို့ ဖြူဖြူအလွှာ အုပ်ဆိုင်းခြင်းကြောင့် ဖြစ်သည်။ ပုံမှန် ခွဲစိတ်မှု များတွင် မျက်ကြည်လွှာကို ဖယ်ထုတ်ကာ တိမ်ကို ခြစ်ထုတ်ပြီး မျက်ကြည်လွှာ အသစ် အစားထိုး ရသည်။ Nature ဂျာနယ်တွင် ဖော်ပြထားသော ခွဲစိတ်မှု အသေးစိတ် အရကား မျက်ကြည်လွှာ အစားထိုးရန် မလိုဘဲ တိမ်ဖယ်ထုတ် လိုက်သော မျက်ကြည်လွှာကိုပင် ပင်မ ကလပ်စည်း နည်းဖြင့် ကုစားကာ ပြန်လည်ကောင်း မွန်စေခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် တိမ်ကြောင့် မျက်စိကွယ်သူ သန်း (၂၀) နီးပါး ရှိနေသည်။ အသက်ကြီး လာလေ တိမ်ဖြစ်နိုင်ခြေ များလာလေ ဖြစ်ကြောင်း သိရသည်။ အချို့သော ကလေးများသည် မွေးဖွားစဉ် ကတည်းက တိမ်စွဲကပ်ကာ မွေးဖွားလာ တတ်သည်။
သမားရိုးကျ ကုသနည်းကား မျက်ကြည်လွှာကို ခွဲထုတ်ကာ တိမ်ကို ဖယ်ထုတ်ခြင်း ဖြစ်သည်။ သို့သော် ထိုခွဲစိတ်မှုသည် မျက်ကြည်လွှာသစ် အစားထိုးရန် လိုအပ်သည်။ ဆွန်ယက်ဆင် တက္ကသိုလ်နှင့် ဆန်ဒီယေဂိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသီများ ပူးပေါင် တီထွင်လိုက်သော ခွဲစိတ်နည်းသစ်ကား မျက်ကြည်လွှာ ၌ အသေးစား အပေါက်လေးသာ ဖောက်ကာ ထိုအပေါက်မှ တိမ်တစ်သျှူး များကို ဆွဲထုတ်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မျက်ကြည်လွှာသစ် အစားထိုးရန် မလိုအပ်။ အသေးစား အပေါက်ဖောက် လိုက်သော နေရာကိုကား ပင်မကလပ်စည်း ဆဲလ်ပွား နည်းဖြင့် မူလအတိုင်း ပြန်ဖြစ်အောင် ကုသယူသည်။
သုတေသီ အဖွဲ့သည် ယုန်များ၊ မျောက်များဖြင့် စမ်းသပ်ကြည့်ရာ အောင်မြင်မှု ရရှိခဲ့ပြီးနောက် ကလေး (၁၂) ဦးနှင့် စမ်းသပ်ကြည့်ရာတွင်လည်း ခွဲစိတ်ပြီး ရှစ်လ အတွင်း ကလေးများ၏ မျက်လုံးသည် ပုံမှန် အနေ အထားသို့ ပြန်ရောက်ကာ ကောင်းမွန်နေကြောင်း သိရသည်။ ခွဲစိတ်မှု အသေးစိတ်ကို Nature ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
လန်ဒန်၊ မတ် ၁၁
တရုတ်နိုင်ငံမှ မျက်လုံးတိမ်ရှိသည့် ကလေးများကို သဘာဝ အတိုင်း မျက်ကြည်လွှာ အစားထိုးပေးသည့် ခွဲစိတ်မှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အမြင်အာရုံ ပျောက်ဆုံးမှု ထက်ဝက်ကျော်သည် တိမ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ မျက်လုံး ထဲရှိ မှန်ဘီလူးခုံး အလွှာပေါ်တွင် တိမ်ကဲ့သို့ ဖြူဖြူအလွှာ အုပ်ဆိုင်းခြင်းကြောင့် ဖြစ်သည်။ ပုံမှန် ခွဲစိတ်မှု များတွင် မျက်ကြည်လွှာကို ဖယ်ထုတ်ကာ တိမ်ကို ခြစ်ထုတ်ပြီး မျက်ကြည်လွှာ အသစ် အစားထိုး ရသည်။ Nature ဂျာနယ်တွင် ဖော်ပြထားသော ခွဲစိတ်မှု အသေးစိတ် အရကား မျက်ကြည်လွှာ အစားထိုးရန် မလိုဘဲ တိမ်ဖယ်ထုတ် လိုက်သော မျက်ကြည်လွှာကိုပင် ပင်မ ကလပ်စည်း နည်းဖြင့် ကုစားကာ ပြန်လည်ကောင်း မွန်စေခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် တိမ်ကြောင့် မျက်စိကွယ်သူ သန်း (၂၀) နီးပါး ရှိနေသည်။ အသက်ကြီး လာလေ တိမ်ဖြစ်နိုင်ခြေ များလာလေ ဖြစ်ကြောင်း သိရသည်။ အချို့သော ကလေးများသည် မွေးဖွားစဉ် ကတည်းက တိမ်စွဲကပ်ကာ မွေးဖွားလာ တတ်သည်။
သမားရိုးကျ ကုသနည်းကား မျက်ကြည်လွှာကို ခွဲထုတ်ကာ တိမ်ကို ဖယ်ထုတ်ခြင်း ဖြစ်သည်။ သို့သော် ထိုခွဲစိတ်မှုသည် မျက်ကြည်လွှာသစ် အစားထိုးရန် လိုအပ်သည်။ ဆွန်ယက်ဆင် တက္ကသိုလ်နှင့် ဆန်ဒီယေဂိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသီများ ပူးပေါင် တီထွင်လိုက်သော ခွဲစိတ်နည်းသစ်ကား မျက်ကြည်လွှာ ၌ အသေးစား အပေါက်လေးသာ ဖောက်ကာ ထိုအပေါက်မှ တိမ်တစ်သျှူး များကို ဆွဲထုတ်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မျက်ကြည်လွှာသစ် အစားထိုးရန် မလိုအပ်။ အသေးစား အပေါက်ဖောက် လိုက်သော နေရာကိုကား ပင်မကလပ်စည်း ဆဲလ်ပွား နည်းဖြင့် မူလအတိုင်း ပြန်ဖြစ်အောင် ကုသယူသည်။
သုတေသီ အဖွဲ့သည် ယုန်များ၊ မျောက်များဖြင့် စမ်းသပ်ကြည့်ရာ အောင်မြင်မှု ရရှိခဲ့ပြီးနောက် ကလေး (၁၂) ဦးနှင့် စမ်းသပ်ကြည့်ရာတွင်လည်း ခွဲစိတ်ပြီး ရှစ်လ အတွင်း ကလေးများ၏ မျက်လုံးသည် ပုံမှန် အနေ အထားသို့ ပြန်ရောက်ကာ ကောင်းမွန်နေကြောင်း သိရသည်။ ခွဲစိတ်မှု အသေးစိတ်ကို Nature ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
ခလုတ်နှိပ်ရုံနဲ့ ဖန်သားပြင် အကြည်၊ အနောက် လိုသလို ချိန်ညှိနိုင်မည့် ပြတင်းပေါက်
ဟန်လင်းအောင်
လန်ဒန်၊ မတ် ၁၈
ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ပြတင်းပေါက်မှန်ကို အကြည်၊ အနောက် လိုသလို ချိန်ညှိနိုင်ပြီ ဖြစ်ရာ တစ်ကိုယ်တည်း လွတ်လပ်စွာ နေလိုသည့် အခါမျိုးတွင် ပြတင်းလိုက်ကာ လိုက်ပိတ်နေဖို့ မလိုတော့။ လိုက်ကာ တပ်နေဖို့လည်း မလိုတော့။
ဟားဗတ်တက္ကသိုလ် သုတေသီများ တီထွင်ထားသော နည်းပညာမြင့် မှန်သားသည် မှန်ထဲက မော်လီကျူး များကို လိုသလို အစိပ်အကျဲ ချိန်ညှိနိုင် သဖြင့် လုံးဝ မှန်အကြည် မှသည် လုံးဝ မှန်အနောက် အဖြစ်သို့ ချက်ချင်း ပြောင်းပေးနိုင်သည်။ မှန်သားထဲတွင် ပါသော ကျုံ့နိုင် ဆန့်နိုင် မူလပုံစံ ပြန်နေ နိုင်သော ရှုံ့ကြွမှုန်လေးများကို ငွေရောင် နာနိုဝါယာ ကြိုးများဖြင့် ချိတ်ဆက် ထားသည်။ လျှပ်စစ် လွှတ်လိုက်သည့် အခါ နာနို ၀ါယာကြိုးများ လှုပ်ရှားပြီး ရှုံ့ကြွမှုန်လေးများ မျက်နှာပြင် လှည့်သည့် ဘက်အမျိုးမျိုး ပြောင်းကာ မှန်သား ကို အလင်းဖောက်ဝင် နိုင်စွမ်း အမျိုးမျိုး ပြောင်းသွားသည်။ လျှပ်စစ်ဗို့အား များများပေးလေ နာနိုဝါယာ များများ လှုပ်ရှားလေ ဖြစ်ကာ ရှုံ့ကြွ မှုန်လေးတွေ များများ စုစည်း ကပ်ဖွဲ့ပြီး အလင်းကို ပိတ်ပစ် လိုက်ရာ ရောက်သဖြင့် မှန်သည် အတွင်းကို ဖောက်မမြင်ရသော မှန်နောက် ဖြစ်သွားသည်။ ဗို့အား လျှော့လိုက်လျှင် နောက်ကျိမှု လျော့သွားပြီး ပြန်ကြည် လင်လာမည်။ ဗို့အားကို ထိန်းချုပ်ပြီး မှန်ကို လုံးဝအကြည် မှသည် လုံးဝ အနောက်အဆင့် ထိရောက်အောင် ဖန်တီးနိုင်သည်။
ယခု မှန်နည်းပညာသစ်ကို ဟားဗတ် တက္ကသိုလ်မှ ဒြပ်ပစ္စည်းများ ဆိုင်ရာ ပါမောက္ခ ဒေးဗစ်ကလာ့ခ် နှင့် ဟားဗတ် တက္ကသိုလ် လက်အောက် ဂျွန်အေပေါဆန် အင်ဂျင်နီယာနှင့် အသုံးချသိပ္ပံ ကောလိပ်မှ ပါရဂူဘွဲ့ သင်တန်းသား ဆင်မြူရယ်ရှန်တို့ ပူးပေါင်းတီထွင်ခဲ့ကြခြင်း ဖြစ်သည်။
Source: Daily Mail
ကမ္ဘာ့ အနက်မှောင်ဆုံး အမည်းရောင် တီထွင်နိုင်ပြီ
ချမ်းမြေ့
ဆန်ဖရန်စစ္စကို၊ မတ် ၁၈
သုတေသီတို့သည် အလင်းပြန်မှု မရှိသလောက် နည်းပါးသော ကမ္ဘာ့ အနက်မှောင်ဆုံး အမည်းရောင် ကို တီထွင်ဖန်တီးနိုင် ခဲ့ကြောင်း သိရသည်။
Vantablack S-VIS အရောင်ဟု အမှတ်စဉ်ထိုး ထားသည်။ မှုတ်ဆေး သေနတ်ဖြင့် အရောင်များ စပ်ကာ မှုတ်ယူ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ Vantablack S-VIS အနက်ရောင် မျက်နှာပြင်သည် ၎င်းကို ထိရိုက်သည့် အလင်း (၉၉ ဒသမ ၈) ရာခိုင်နှုန်းထိကို စုပ်ယူထား နိုင်သည်။ (၀ ဒသမ ၂) ရာခိုင်နှုန်းသော အလင်းသာ မျက်နှာပြင် ကနေ ကန်ထွက်သည်။
ဗြိတိန် အခြေစိုက် Surrey Nano Systems လုပ်ငန်းက တီထွင်ထားခြင်း ဖြစ်သည်။ Vantablack S-VIS သည် မည်သည့်ထောင့် ကနေ စောင့်ကြည့်ကြည့် နက်မှောင်သော အရောင် မပြောင်းမလဲ ပြသနိုင်သည်။ အလင်းလှိုင်း အတိုအရှည်မရွေး စုပ်ယူဖမ်းထား နိုင်စွမ်း ရှိသဖြင့် မည်သည့်ထောင့်မှ အလင်းရောင် သက်ရောက်သည် ဖြစ်စေကျ လာသည့် အလင်း၏ (၉၉ ဒသမ ၈) ရာခိုင်နှုန်းထိကို စုပ်ယူထား နိုင်သည်။
ဟာဘယ် စကြ၀ဠာမှန်ပြောင်းကြီးတွင် အသုံးပြု ထားသော အလင်းပြန်ကန်နှုန်း အနည်းဆုံး ဆိုသော အနက်ရောင် ဆေးသား ထက်ပင် Vantablack S-VIS ဆေးသားက အလင်းပြန်ကန်နှုန်း (၁၇)ဆ နည်းပါးကြောင်း သိရသည်။
Source: Daily Mail
Subscribe to:
Posts (Atom)