ဘီပိုးရှိသူများ ဆေးမကုနိုင်ပါက ဆေးတစ်မျိုးကို သောက်ပြီး ကင်ဆာကို ကာကွယ်နိုင်
အသည်းရောင်အသားဝါဘီပိုးရှိနေပေမဲ့ ဆေးဝါးမကုသနိုင်ဘူးဆိုရင် ဆေးတစ်မျိုးကိုသောက်ပြီး အသည်းကင်ဆာကို ကာကွယ်နိုင်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။တီနိုဗိုဗာ (Tenofovir) ဆေးကို တစ်နေ့တစ်လုံးသောက်ပြီး အသည်းကင်ဆာကို ၇၀ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ဘီပိုးရှိလို့ ပိုးကောင်ရေနဲ့ ပိုးအခွံစစ်တာတွေ၊ အာထရာဆောင်းရိုက်တာတွေ နဲ့ အခြားကျန်းမာရေးစစ်ဆေးမှုတွေ မခံယူနိုင်သေးချိန်မှာ ယင်းဆေးကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးလို့ရပါတယ်။
အဆိုပါဆေးကို သောက်ရင် နှစ်နှစ်၊ သုံးနှစ်အတွင်း ကင်ဆာမဖြစ်နိုင်ဘဲ ဆေးစစ်ကာ မကုသနိုင်သေးဘူးဆိုရင် ဆက်သောက်လို့ရတယ်လို့ သိရပါတယ်။ အဆိုပါဆေးကို လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲမှာ တစ်လုံး ၇၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
http://www.phothutaw.com/2016/06/blog-post_716.html မှ ကူးယူထားပါသည်။