အသည်းကို သန့်စင်စေတဲ့ အစားအစာများ
အသည်းမှာ စုပုံနေနိုင်တဲ့ အဆိပ်အတောက်တွေကို သဘာဝ အစားအစာတွေ စားခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။
အသည်းဟာ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ စုပုံမှုအများဆုံးနေရာ ဖြစ်ပါတယ်။ အသည်းမှာ စုပုံနေနိုင်တဲ့ အဆိပ်အတောက်တွေကို သဘာဝ အစားအစာတွေ စားခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။ အသည်းကို သန့်စင်စေတဲ့ အစားအစာ (၈) မျိုးကို ဖော်ပြထားပါတယ်။
ဂရိတ်ဖရု
ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်တဲ့ ဂရိတ်ဖရုသီးက အသည်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကို သန့်စင်စေပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက အသည်းကို သန့်စင်စေတဲ့အပြင် ရင်သား၊ အဆုတ်နဲ့ အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
သစ်ကြားသီး
glutathione၊ omega-3 fatty acid နဲ့ amino acid တွေ ပါဝင်တဲ့ သစ်ကြားသီးက အသည်းမှ အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။
အချဉ်ဓာတ်ပါတဲ့ သစ်သီး
ဗီတာမင် C ပြည့်စွာစွာ ပါဝင်တဲ့ သံပရာသီး၊ သံပရိုသီးတို့လို သစ်သီးတွေက အသည်းကို သန့်စင်စေပါတယ်။
ပန်းသီး
ပန်းသီးက အသည်းကျန်းမာရေးအတွက် အရေးပါတဲ့ အစားအစာ ဖြစ်ပါတယ်။ အသည်းကို သန့်စင်စေပြီး အစာခြေစနစ် လမ်းကြောင်းတစ်လျှောက်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကို အထောက်အကူပြုပါတယ်။
သံလွင်ဆီ
သံလွင်ဆီကို ဟင်းလျာချက်ပြုတ်ရာမှာ အသုံးပြုခြင်းနဲ့ အရည်တစ်မျိုးမျိုးနဲ့ ရောနှောသောက်သုံးခြင်းဖြင့် အသည်းကို သန့်စင်စေပါတယ်။
အစိမ်းရောင် ဟင်သီးဟင်းရွက်များ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အဆိပ်အတောက် ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး အစားအစာတွေ ဖြစ်ပါတယ်။
လက်ဖက်စိမ်းရည်
နေ့စဉ်စားနေတဲ့ အစားအစာတွေမှာ ပါဝင်နိုင်တဲ့ အဆိပ်အတောက်တွေကို လက်ဖက်စိမ်းရည် သောက်ခြင်းဖြင့် ဖယ်ရှားနိုင်ပြီး အသည်းကို သန့်စင်စေပါတယ်။
Source & Photo: RMD
http://www.duwun.com.mm/lifestyle/-id4895204.html မှ ကူးယူထားပါသည်။