ဘင်္ဂလာဒေ့ရှ်မှ နာမည်ကြီးသတင်းစာတွင် နိုင်ငံတကာမှ မြန်မာသို့လက်နက်တင်သွင်းမှု စာရင်းဖော်ပြ
17 September 2017 06:28(+0630) (၁ ရက် ခန့်က)
![]() |
(The Daily star တွင် ဖော်ပြထားသည့် ၁၉၉၀ မှ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတကာမှ မြန်မာသို့ တင်သွင်းသည့် လက်နက်စာရင်းပြ မြေပုံကိုတွေ့ရစဉ်) |
ဘင်္ဂလာဒေ့ရှ်မှ အင်္ဂလိပ်လို ထုတ်ဝေသည့် နာမည်ကြီး သတင်းစာ တစ်စောင်ဖြစ်သည့် The Daily Star တွင် Who is supplying weapons to Myanmar? မြန်မာကို ဘယ်သူလက်နက်ထောက်ပံ့သလဲ ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ယနေ့ ရေးသားဖော်ပြလာသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလီအရေးနှင့် ပတ်သက်ပြီး မတည်ငြိမ်မှု ဖြစ်နေချိန်တွင် အယ်လ်ဂျာဇီရာ Al Jazeera သတင်းဌာနမှ နိုင်ငံတကာမှ မြန်မာသို့ လက်နက်တင်ပို့မှုကို ပုံရေးဆွဲထုတ်ပြန်ခဲ့သည်။
၎င်းရေးဆွဲထားသော မြေပုံကို ကိုးကားပြီး သတင်းဖော်ပြရာတွင် မြန်မာသို့ လက်နက်အများဆုံးတင်ပို့သော နိုင်ငံများအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်းတို့ကို ဖော်ပြထားသည်။
မြန်မာသို့ တိုက်လေယာဉ်၊ တင့်ကား၊ လက်နက်မျိုးစုံနှင့် ရေတပ်သင်္ဘောများကို အဓိက တရုတ်နိုင်ငံမှ တင်ပို့ခြင်း ဖြစ်ပြီး မြေပြင်မှ ဝေဟင်ပစ် Missiles ဒုံးကျည်များကို အဓိက ထောက်ပံ့သည်မှာ ရုရှားနိုင်ငံ ဖြစ်ကြောင်းဖော်ပြထားသည်။
http://www.thithtoolwin.com/2017/09/blog-post_167.html မှ ကူးယူထားပါသည်။