Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, 22 July 2016

အင်တာနက်ကွန်ရက် ဖြန့်ကျက်ပေးမည့် Facebook မောင်းသူမဲ့လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

အင်တာနက်ကွန်ရက် ဖြန့်ကျက်ပေးမည့် Facebook မောင်းသူမဲ့လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း: တစ်ကမ္ဘာလုံးတွင် အင်တာနက်ကွန်ရက် ဖြန့်ကျက်ပေးသွားမည့် စီမံကိန်းအတွက် ရည်ရွယ် တီထွင်ထားသည့် မောင်းသူမဲ့ လေယာဉ်ကို Facebookက ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ် ပျံသန်းစေနိုင်ခဲ့ပြီ ဖြစ်သည်။ Aquilaဟု အမည်ပေးထားသော လေယာဉ်သည် ကိုယ်ထည် ကြီးမားသော်လည်း ပေါ့ပေါ့ပါးပါး တည်ဆောက်ထားကာ အလွန်မြင့်မားသည့် နေရာများတွင် ပျံသန်းနိုင်သည်။ လေယာဉ်၏ တောင်ပံတွင် တပ်ဆင်ထားသည့် ဆိုလာပြားများက နေရောင်ခြည်ကို ခံယူကာ အချိန်ကြာမြင့်စွာ လှည့်လည် ပျံသန်းနေနိုင်စွမ်း ရှိမည်ဟု သိရသည်။