Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Literature. Show all posts
Showing posts with label Literature. Show all posts

Wednesday, 8 June 2016

စကြ၀ဠာတိုက်တစ်သောင်း (မြသန်းတင့်-မြန်မာပြန်)

လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က အီတလီ လူမျိုးတစ်ဦးသည် ‘နေကို ကမ္ဘာက လှည့်ပတ်နေ ကြောင်း’ အယူတင်ပြခဲ့ရာ အုတ်အော်သောင်းတင်းဖြစ်ခဲ့ပြီး မိစ္ဆာဒိဋ္ဌိဟု စွပ်စွဲခံခဲ့ရသည်။ ထို့ပြင် ၎င်းက လူသားကို ဗဟိုပြု၍
တွေးခေါ်သော သိပ္ပံပညာသည် ပဓာနမကျ၊ လူသားသည် ဗဟိုအချက်အချာမဟုတ်၊ စကြ၀ဠာအတွင်းရှိ အမှုန်အမွှားမျှသာဖြစ်သည်ဟု ဖော်ထုတ်ပြောကြား လိုက်သည့်အခါ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးများက ခုံရုံးတင် တရားစီရင်ခဲ့သည်။ ထိုအီတလီလူမျိုး ပညာရှင်သည် စီရင်ချက်အရ နောက်ဆုံးတွင် အသက်အရွယ်ကြီးပြီဖြစ်၍ ဒုက္ခမခံလိုတော့ဘဲ ဖော်ပြပါ အယူအဆများကို စွန့်လွှတ်ကြောင်း ၀န်ခံတောင်းပန် ခဲ့ရှာသည်။ သို့သော်ငြား ၎င်းသည် ပြောခဲ့သောစကားများကြောင့် နေအိမ်တွင် ဆယ်နှစ်မျှအကျယ်ချုပ်ကျခံခဲ့ရသည်။ ကွယ်လွန်ခါနီးတွင်မူ နီးစပ်ရာ ပုဂ္ဂိုလ်များအား ‘ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာကတော့ နေကိုပတ်နေတာပဲ’ဟု သူ့ အယူအဆကို မလျှော့ဘဲ မှာကြားခဲ့သည်။ ထိုအီတလီ လူမျိုးသည် ခေတ်သစ်နက္ခတ္တဗေဒပညာကို လူသား မျိုးဆက်အတွက် ဆောင်ကြဉ်းပေးခဲ့သော ‘ဂယ်လီလီယို’အမည်ရှိ ပညာရှင်ဖြစ်ခဲ့သည်။ ဂယ်လီလီယိုသည် ထိုအယူအဆ များသာမက အာကာသ အတွင်းသို့ ကြည့်နိုင်သော မှန်ပြောင်းတီထွင်မှုနှင့်အတူ ဂျူပီတာ (ကြာသပတေး)ဂြိုဟ်ကို စတင်တွေ့ရှိခဲ့သည့် ပညာရှင်လည်းဖြစ်သည်။ ယခုခေတ် နက္ခတ္တဗေဒပညာရှင်များသည် ဂယ်လီလီယို ဖောက်ခဲ့သော လမ်းကို လျှောက်လှမ်းရသူများဖြစ်ပေသည်။

ဆရာမြသန်းတင့်သည် စာရေးအားအလွန် ကောင်းနေသော ကာလများအတွင်း စန္ဒာမဂ္ဂဇင်း၌ ၁၉၈၀ ဇန်န၀ါရီမှ ဇူလိုင်လအထိ လစဉ်အခန်းဆက် ဘာသာပြန်ဆောင်းပါးရှည်ကြီး တစ်ပုဒ်ရေးခဲ့သည်။ မူရင်း ဗြိတိသျှ
သိပ္ပံပညာရှင် ဆာဂျိမ်းစ်ဂျင်း၏ နာမည်ကျော်ဟောပြောပို့ချချက်များကို သိပ္ပံနှင့် နက္ခတ္တပညာစိတ်ဝင်စားသည့် မြန်မာ စာဖတ်ပရိသတ်များအတွက် ဆရာမြသန်းတင့်က ဘာသာပြန်ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုဆောင်းပါး
ရှည်ကြီးသည် နှစ်ပေါင်း ၃၀ ကျော် ငုံ့လျှိုးပျောက်ကွယ်နေပြီးမှ ယခုအခါစာအုပ် အဖြစ် တစုတစည်းတည်းထွ က်ပေါ်လာသည်။
မူရင်းဗြိတိသျှပညာရှင် ဆာဂျိမ်းစ်ဂျင်းသည် ခက်ခဲနက်နဲသော နက္ခတ္တဗေဒနှင့် ရူပဗေဒတွေ့ရှိချက်များကို အလွယ်ဆုံးနှင့် အရှင်းလင်းဆုံးဟောပြောနိုင်သည့် ပုဂ္ဂိုလ်အဖြစ် သူ့ခေတ်အခါက ထင်ရှားခဲ့သူဖြစ်သည်။ ထို့ကြောင့် ယခုစာအုပ်ပါ ဟောပြောချက်အဖွင့်ကို ဖော်ပြပါ ပညာရှင်ဂယ်လီလီယို၏ တွေ့ရှိမှုများဖြင့် မိတ်ဆက်ထားပြီး ထို့နောက်တွင် ကမ္ဘာ့အကြီးဆုံးကြယ်ကြီးများကစ၍ အသေးဆုံး အဏုမြူနျူကလိယ အစိတ်အပိုင်းအထိ ခွဲခြမ်း စိတ်ဖြာ ထားသည်။ ထို့ပြင် ကမ္ဘာမြေကြီး၏ သက်တမ်း၊ နေ၏ အပူရှိန်ဖြာထွက်မှု၊ ကြယ်အမျိုးအစားများနှင့် သွင်ပြင်လက္ခဏာ၊ ကြယ်များ စတင်ပေါ်ပေါက်လာပုံ၊ စကြ၀ဠာကြီးပေါ်ထွန်းလာပုံ၊ ဂြိုဟ်များပေါ်တွင် သက်ရှိသတ္တ၀ါများရှိ၊ မရှိနှင့် ပတ်သက်၍ လူပြိန်းနားလည်လွယ်အောင် အတတ်နိုင်ဆုံး ရှင်းလင်းပြောကြားထားသည်။ ထို့ပြင် နက္ခတ္တဗေဒနှင့် လူ့ကံကြမ္မာဆက်စပ်မှု ရှိ၊ မရှိတို့အထိ ရေးထားသည်။ ပညာရှင် အဆက်ဆက်တို့၏ တွေ့ရှိချက်များနှင့် ၂၀ ရာစု၏ အကြီးကျယ်ဆုံးသိပ္ပံပညာရှင် အိုင်းစတိုင်း၏ ရီလေတီဗတီသီအိုရီကို အရိုးရှင်းဆုံးနားလည်အောင် မိတ်ဆက်ထားသဖြင့် သိပ္ပံပညာနှင့် မရင်းနှီးသူများပင် နားလည် သဘောပေါက်လွယ်သော စာအုပ်ဖြစ်သည်။ စာမျက်နှာ ၁၀၀ ကျော်သာ ရှိသော်လည်း အလွန်လေးနက်သည့် အကြောင်းအရာများကို အတော်လေး လွယ်ကူရှင်းလင်းစွာ သိရပါမည်။ စာအုပ်ကျောဖုံးတွင် ‘စကြ၀ဠာသိပ္ပံနှင့် လူသား၏ ဖြစ်တည်မှု၊ လူသား၏ ကံကြမ္မာ အဆက်အစပ်၊ နက္ခတ္တဗေဒပညာက လူသားတို့၏ နေမှု၊ စားမှု၊ ရောင်းမှု၊ ၀ယ်မှုတို့အပေါ် အရိုက်အခတ်၊ ထိုမှ ဗေဒင်ပညာအဖြစ် ရုပ်ဖျက် ၀င်ရောက်လာကာ လူသား၏ အနာဂတ် ကံကြမ္မာအပေါ် နိမိတ်ဖတ်ခြင်း အစရှိသည့် နက္ခတ္တဗေဒပညာ၏ အမှောင်ခြမ်း၊ အလင်းခြမ်းကို အစိတ်စိတ်အပိုင်းပိုင်းခွဲကာ လေ့လာတင်ပြမှု’ဟု ရည်ညွှန်းဖော်ပြထားသည်။ စာအုပ်ကို တိုးမြစ်စာအုပ်တိုက်က တန်ဖိုး ၂,၀၀၀ ကျပ်ဖြင့် ပထမအကြိမ် ထုတ်ဝေသည်။
http://www.7daydaily.com/story/67049 မှ ကူးယူထာ့းပါသည်။

Wednesday, 18 May 2016

ရှင်သန်ခွင့် (စိန်ဝင်းစိန်-မြန်မာဘာသာပြန်ဆိုသည်။)

ရှင်သန်ခွင့် (စိန်ဝင်းစိန်-မြန်မာဘာသာပြန်ဆိုသည်။): ကမ္ဘာတွင် မြောက်ကိုရီးယားနိုင်ငံသည် နျူက လီးယားလက်နက်ပိုင်ဆိုင်သော်လည်း ပြည်သူများ ငတ်မွတ်ခေါင်းပါးမှု အတိကြုံတွေ့နေရသည့် နိုင်ငံ ဖြစ်သည်။ အုပ်စိုးသူ ကင်ဂျုံအန်အစိုးရက မြောက်ကိုရီးယား ပြည်သူပြည်သားများအား ကမ္ဘာလောကကြီးနှင့် အဆက်ဖြတ်ထားခြင်းကြောင့် နိုင်ငံတွင်း မည်သို့မည်ပုံ ဖြစ်ပျက်နေခြင်းကို ကမ္ဘာပြည်သူများ သိရှိခွင့် အလွန်နည်းပါသည်။