Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, 12 August 2016

စားလို့ရတဲ့ ဒီအသီးတွေကို သင်သိလား

မြွေသီးဟာ အင်ဒိုနီးရှားမှာ အတွေ့ရများတဲ့ အသီးဖြစ်ပါတယ်။
Badge Me
play

၁ - ဂိုဂျီဘယ်ရီ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက်ကတည်းက တရုတ်မှာ ဆေးအဖြစ် သုံးလာခဲ့တာဖြစ်ပါတယ်။ ဗီတာမင်အတော်များများကြွယ်ဝသလို အရသာကလည်း ခါးပါတယ်။
၂ - ဗုဒ္ဓလက်
ရှည်လျားတဲ့လက်ချောင်းတွေနဲ့တူတဲ့ အသီးဖြစ်ပါတယ်။ တရုတ်နိုင်ငံကဖြစ်ပြီးတော့ သံပုရာသီးလိုချဉ်ပေမဲ့ အနှစ်မရှိပါဘူး။ သံပုရာသီးလိုပဲ ဗီတာမင်စီကြွယ်ဝပါတယ်။ 
၃ - အာဖရိကန်သခွားသီး

တောင်ဖရိက မျိုးရင်းဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကမ္ဘာတစ်ဝန်းကို မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။
၎ - မွန်စတီယာဒယ်လီဆီအိုဆာ

ပုံသဏ္ဍန်ထူးခြားတဲ့ ဒီအသီးတွေဟာ မက္ကဆီကိုနိုင်ငံတောင်ပိုင်းက ဖြစ်ပါတယ်။ ဗီတာမင်စီကြွယ်ဝပြီး ၁၀၀ ကီလိုဂရမ်မှာ ကယ်လိုရီ ၄၀ လောက်ပါပါတယ်။
၅ - မြွေသီး

အင်ဒိုနီးရှားမှာ အတွေ့ရများတဲ့ အသီးဖြစ်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၆ - စပိုဒယ်လာ

နေသာတဲ့ရာသီဥတုကို သဘောကျတဲ့ မက္ကဆီကိုက အသီးတစ်မျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ်လည်း မြင့်မားပါတယ်။
Photos & Source: Daily Mail
http://www.duwun.com.mm/lifest မyle/food-travel/-id5373470.html မှ ကူးယူထားပါသည်။