Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, 6 April 2016

ကြက်ဟင်းခါးသီး အရည်က ပန်ကရိယ ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်

ကော်လိုရာဒို ကင်ဆာ လေ့လာရေး တက္ကသိုလ်မှ လေ့လာမှု တစ်ခုအရ ကြက်ဟင်းခါးသီး အရည်က ပန်ကရိယင်ဆာ ဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီး ထွက်ကုန်များက ရင်သား ကင်ဆာအပေါ် ကောင်းကျိုး သက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချို ကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်း ဆောင်တာကို ပြောင်းလဲ သွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်း တစ်မျိုးကို လှုံ့ဆော်ပေးသည့် အပြင် ပန်ကရိယ ဆဲလ်များမှ အင်ဆူလင် ထုတ်မှုအားလည်း မှန်ကန်စေသည်။ ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေး ထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

အပိန်လေး
Health Updates Journal

http://thithtoolwin.health.mmbloggers.com/Home/Detail/4935745911157236498 မှ ကူးယူထားပါသည်။

    ဆိုင်မွန်စာကြည့်ဆိုဒ်: တပတ် အတွင်း B ပိုး လုံးဝ ဗပျာက်စေမယ့် နည်းလမ်း ကော...

    Friday, March 20, 2015

    တပတ် အတွင်း B ပိုး လုံးဝ ဗပျာက်စေမယ့် နည်းလမ်း ကောင်း




    တကယ် ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည် မျှဝေ ပေးလိုက် ရပါတယ်။

    ငွေကြေး အမြောက် အများ မကုန်သည့် အတွက် အဆင်ပြေ စေမှာ ဖြစ်ပါတယ်။


    ရောဂါ ကုထုံး


    ၁။ စပါးလင် လိုအပ်ပါတယ် ။

    ၂။ ၎င်းကို ရေစင်အောင် ဆေးကြောပါ ။

    ၃။ ပြုတ်လိုက်ပါ ။

    ၄။ ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ် သောက်ပေးပါ။

    ၅။ သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ် ။ တစ်ပတ် ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ် ။

    Share လုပ် မျှဝေပေးခြင်း သည်လည်း ကုသိုလ် ရရှိနိုင် ပါသည်။

    Credit - ကျန်းမာရေးနှင့် အလှအပ သတင်းများ
    http://healthknowledgebox.blogspot.com.au/
    http://www.simon-vlog.com/2015/03/b.html#axzz456ZJgCSe မှ ကူးယူထားပါသည်။

    Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: တပတ် အတွင်း B ပိုး လုံးဝ ဗပျာက်စေမယ့် နည်းလမ်း ကောင်း 

    Thursday, August 29, 2013

    စပါးလင်ရဲ့ဆေးစွမ်းများ၊



     
     
     စပါးလင် (scientific name Cymbopogon၏ကျန်းမာရေးအစွမ်းသတ္တိများ။
    ၁။ စပါးလင်မှာအဆိပ်ဖြေဓါတ်၊ဘက်တီးရီးယားခေါ်ပိုးသတ်နိုင်သောအစွမ်း၊ရောဂါမှိုကိုသတ်နိုင်သော သတ္တိနဲ့ကင်ဆာရောဂါသတ်နိုင်တဲ့သတ္တိတွေရှိပါတယ်။
    ၂။ ကိုယ်ခန္ဓာရဲ့ခုခံအားကိုကောင်းမွန်စေခြင်းဖြင့် အဖျားရောဂါ၊အအေးမိခြင်း၊ချောင်းဆိုးခြင်းတို့ကိုကုသနိုင်ပါတယ်။
    ၃။ လေထိုးခြင်း၊အစာမကြေခြင်း၊လေပွခြင်း၊ အစာမကြေအူရောင်ရောဂါ (gastroenteritis) တို့ကို သက်သာစေသည်။
    ၄။ အဆိပ်ဖြေနိင်ခြင်းနဲ့ အသဲ၊ကျောက်ကပ်၊ဆီးအိမ်၊အစာလမ်းကြောင်းနဲ့ ပင်ကရိယ (pancreas) တို့ကို သန့်ရှင်းစေသည်။
    ၅။ ဗီတာမင် အေ များစွာပါဝင်ခြင်းကြောင့်မျက်စိအားကောင်းစေပြီး၊အသားရေချောမွတ်လှပစေတယ်။
    ၆။ အကြောအခြင်ပျော့ပျောင်းစေပြီး၊စိတ်ပင်းပန်းမှုသက်သာစေပါတယ်။
    ၇။ အချို့သူများတွင် ကြွက်သားနာခြင်း၊အဆစ်အမြစ်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်းများကိုသက်သာစေသည်။
    ၈။ ၂၀၀၅ ခုနှစ်တွင် Gurion University  မှလေ့လာချက်အရ စပါးလင် အဆီသည် ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
    ၉။ Sun Star Network မှ စပါးလင်တွင်ဆီးသွားစေသောသတ္တိ (diuretic)ရှိကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။
    ၁၀။  စပါးလင်သည် ကိုယ်အလေးချိန်ကိုကျစေသည်။
    ၁၁။ စပါးလင်အဆီတွင်ပိုးသတ်နိုင်သောအစွမ်းရှိသောကြောင့်ပိုးကြောင့်ဖြစ်သော ရောဂါများကို ကုသ နိုင်သည်။အထူးသဖြင့် အရေပြားရောဂါများဖြစ်သော အဆီပြန်ခြင်းနှင့်ဝက်ခြံတို့ကိုပျောက်ကင်း စေ နိုင်သည်။
    ၁၂။ စပါးလင်ဆီကို ယူကလစ်ဆီနှင့်ရောနှော်ရူခြင်းဖြင့်ထိပ်ခတ်နာ (sinusitis) ကိုပျောက်ကင်း စေနိုင်သည်။
    ၁၃။ စပါးလင်ဆီသည် ရင်ကောင်စသည့်ပိုးမွှားများမလာအောင်ရှင်းလင်း (repellent) နိုင်သည်။

     
    ဇပလင်၏အာဟာရဓါတ်များ။
      
    Nutrition Information of 1 tablespoon (6 g) Whole Cumin Seeds
    ကယ်လိုရီ (Calories)
    22 kcal
    အဆီ (Total Fat)
    1 g
    ကိုလက်စတော် (Cholesterol)
    0 mg
    ဆား (Sodium)
    10 mg
    ကဆီဓါတ် (Total Carbohydrates)
    3 g
    အမျှင်ဓါတ် (Dietary Fiber)
    1 g
    သကြား (Sugars)
    0 g
    အသားဓါတ် (Protein)
    1 g


    စပလင်လက်ဘက်ရည် လေးခွက်စာပြုလုပ်ခြင်း။

    စပါးလင် ၄ ပင်ကိုပိုင်းဖြတ်ပြီး ရေ လေးခွက်ခွဲနှင့်မီးအနေတော်ဖြင့် ၂၅ မိနစ်ခန့်ကြိုချက်ပါ။
    ထိုနောက် စပါးလင်ဖတ်များဖယ်ပြီး သောက်ပါ။ အချို အရသာလိုချင်ပါက ပျားရည်ထဲ့ ပြီး သောက်နိုင်ပါတယ်။
     

     Reference

    http://machunlay.blogspot.com/2013/08/blog-post_29.html မှ ကူးယူထားပါသည်။

    စပါးလင်ရဲ့ အသုံးဝင်ပုံ (၇) မျိုး

    စပါးလင်ဆီကို အဆစ်ရောင်ရမ်းတဲ့နေရာတွေမှာ လိမ်းပေးရင် ရောင်ရမ်းတာတွေ လျော့ကျပါတယ်။
       
    play

    ၁ - ထုထောင်းထားတဲ့ စပါးလင်ကို အဝတ်နဲ့ထုပ်ပြီး ကြပ်ထုပ်လုပ်ထိုးပေးရင် ရောင်ရမ်းနာ ပျောက်ကင်းပါတယ်။
    ၂ - စပါးလင်ကို အမြီး၊ခေါင်းဖြတ်ပြီး သုံးခွက်တစ်ခွက်ကျိုသောက်ရင် ဆီးကြောင့်ဖြစ်တဲ့ အသားဝါရောဂါပျောက်ပါတယ်။
    play

    ၃ - စပါးလင်ရည်ဟာ ခံတွင်းမကောင်းတာကို ကုသပေးနိုင်ပါတယ်။
    ၄ - ဌက်ဖျားထူထပ်တဲ့ဒေသတွေမှာ စပါးလင်ဆီကို ဖယောင်းနဲ့ရောကျိုပြီး ခြင်ကိုက်နိုင်တဲ့ နေရာတွေကို သုတ်လိမ်းကာ ခြင်ဒဏ် ကာကွယ်လို့ ရပါတယ်။
    ၅ - စပါးလင်ဆီကို အဆစ်ရောင်ရမ်းတဲ့နေရာတွေမှာ လိမ်းပေးရင် ရောင်ရမ်းတာတွေ လျော့ကျပါတယ်။
    play

    ၆ - အရွက်သက်သက်ကိုပဲ စိမ်သောက်ရင် ဝမ်းဗိုက်နာကျင်ထိုးအောင့်တာ ပျောက်ပါတယ်။
    ၇ - ဝဲနာယားနာတွေဖြစ်တဲ့နေရာပေါ်မှာ အဆီကိုလိမ်းပေးလိုက်ရင် ပျောက်ကင်းပါတယ်။
    Photos & Source: Burmese Medical Plants
    http://www.duwun.com.mm/lifestyle/-id4890282.html မှ ကူးယူထားပါသည်။










    အာရှနိုင်ငံတွေမှာ ဟင်းချက်ပြုတ်ရာမှာအသုံးများပြီး မြန်မာနိုင်ငံမှာဆိုရင် မုန့်ဟင်းခါးချက်ရာမှာ မပါမဖြစ်တဲ့စပါးလင်တွေဟာ ဟင်းအနံ့ကိုမွှေးစေတဲ့ အစွမ်းသတ္တိသာမက ကျန်းမာရေးအ တွက် ဘာတွေအကျိုးပြုသလဲဆိုတာ မျှဝေပေးချင်ပါတယ်။

    ဗီတာမင်စီ၊ ဖောလစ်အက် စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရက်စ်စတာတွေကြွယ်ဝပြီး ဆေးဖက်ဝင်အစွမ်းသတ္တိတွေရှိပါတယ်။ စပါးလင်ဟာ အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားနဲ့ကပ်ပါးကောင်တွေကိုသေစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေ ကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာအစာချေဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ်။ နောက်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

    စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိပ်အတောက် တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အ တွက် ကောင်းကျိုး ပြုပါတယ်။ ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို   သေစေနိုင်စွမ်း   ရှိတာ ကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို   ကုသနိုင်ပါတယ်။

     နောက်ပြီး ကင်ဆာရောဂါတွေကိုလည်းကာကွယ်နိုင်စွမ်းရှိပြီးခေါင်းကိုက်၊  ရင်ကျပ်၊လည်ချောင်းနာ၊ ချွေးထွက်လွန်၊ကိုယ်နံ့ဆိုးထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်း မှုန့်အနည်းငယ်နဲ့ဆူအောင် တည်ပြီး   အရည်ကိုသောက် ပေးနိုင်ပါတယ်။
       ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊     အရိုးအဆစ်ရောင် ရမ်းနာနဲ့ အခြားသောအဆစ် အမြစ်နာကျင်တာတွေကိုစပါးလင်ဆီလိမ်းပေးရင်သက်သာစေပါတယ်။ နို့တိုက်မိခင်တွေအတွက်ဆိုရင်လည်း
     နို့ထွက်အားကောင်းစေပြီး ရင်သွေးငယ်တွေ ကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှုတွေက ကာကွယ်ပေးပါတယ်။

     ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး    ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွစေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေးတစ်ခုပါ။ ကိုယ်နံ့မကောင်းတာနဲ့ အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြုလိုက်ပါတယ်။

    ဖိုးသူတော်(www.phothutaw.com)
    Credit : 7day Daily
    http://www.phothutaw.com/2015/01/blog-post_1889.html မှ ကူးယူထားပါသည်။