Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, 25 March 2016

ကမ္ဘာ့ အနက်မှောင်ဆုံး အမည်းရောင် တီထွင်နိုင်ပြီ
ချမ်းမြေ့
ဆန်ဖရန်စစ္စကို၊ မတ် ၁၈
          သုတေသီတို့သည် အလင်းပြန်မှု မရှိသလောက် နည်းပါးသော ကမ္ဘာ့ အနက်မှောင်ဆုံး အမည်းရောင် ကို တီထွင်ဖန်တီးနိုင် ခဲ့ကြောင်း သိရသည်။
          Vantablack S-VIS  အရောင်ဟု အမှတ်စဉ်ထိုး ထားသည်။ မှုတ်ဆေး သေနတ်ဖြင့် အရောင်များ စပ်ကာ မှုတ်ယူ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ Vantablack S-VIS  အနက်ရောင် မျက်နှာပြင်သည် ၎င်းကို ထိရိုက်သည့် အလင်း (၉၉ ဒသမ ၈) ရာခိုင်နှုန်းထိကို စုပ်ယူထား နိုင်သည်။ (၀ ဒသမ ၂) ရာခိုင်နှုန်းသော အလင်းသာ မျက်နှာပြင် ကနေ ကန်ထွက်သည်။
          ဗြိတိန် အခြေစိုက် Surrey Nano Systems လုပ်ငန်းက တီထွင်ထားခြင်း ဖြစ်သည်။ Vantablack S-VIS  သည် မည်သည့်ထောင့် ကနေ စောင့်ကြည့်ကြည့် နက်မှောင်သော အရောင် မပြောင်းမလဲ ပြသနိုင်သည်။ အလင်းလှိုင်း အတိုအရှည်မရွေး စုပ်ယူဖမ်းထား နိုင်စွမ်း ရှိသဖြင့် မည်သည့်ထောင့်မှ အလင်းရောင် သက်ရောက်သည် ဖြစ်စေကျ လာသည့် အလင်း၏ (၉၉ ဒသမ ၈) ရာခိုင်နှုန်းထိကို စုပ်ယူထား နိုင်သည်။
          ဟာဘယ် စကြ၀ဠာမှန်ပြောင်းကြီးတွင် အသုံးပြု ထားသော အလင်းပြန်ကန်နှုန်း အနည်းဆုံး ဆိုသော အနက်ရောင် ဆေးသား ထက်ပင် Vantablack S-VIS  ဆေးသားက အလင်းပြန်ကန်နှုန်း (၁၇)ဆ နည်းပါးကြောင်း သိရသည်။
Source: Daily Mail

http://www.messengernewsjournal.com/news/Tech/detail.php?id=51163  မှ ကူးယူထားပါသည်။

No comments:

Post a Comment