ကျွန်တော့်ရဲ့ အလီ
(whitehouse.tumblr.com)
မဟာလက်ဝှေ့ကျော် မိုဟာမက်အလီသည် ဇွန်လ ၄ ရက်က သူ့အသက် (၇၄)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ အလီသည် လက်ဝှေ့သမား သက်သက်မျှ မဟုတ်။ ကမ္ဘာသူ၊ ကမ္ဘာသားများ အတွက် စံပြပုဂ္ဂိုလ်တစ်ဦးဟု ဆို ကြပါသည်။ သူမကွယ်လွန်မီ ၂၀၁၀ ပြည့်နှစ်က အလီတစ် ယောက် ကမ္ဘာ့စင်မြင့်ပေါ်ရောက် ရှိခြင်း ရွှေရတုအထိမ်းအမှတ်စာ အုပ်တစ်အုပ် ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာအုပ်တွင် အမေရိကန် ပြည်ထောင်စု သမ္မတဘားရက်အို ဘားမားက What Ali means to me ဆိုပြီး အက်ဆေးရေးထားရာ ဘာသာပြန်ဆို ဖော်ပြလိုက်ပါ သည်။
အချိန်က ၁၉၅၉ ခုနှစ် ဆောင်းရာသီဖြစ်ပါသည်။ သူ ရောမအိုလံပစ်ပွဲတော်မှာ မုန် တိုင်းဆင်သည့်အလား အောင်ပွဲ များမခံမီ ခြောက်လအလိုကပါ။ ကက်ဆီးယပ်မာဆဲလပ် ကလေး ဂျူနီယာသည် အလွန်ပင် တက် ကြွနေပါသည်။ မနက် ၄ နာရီမှာ အိပ်ရာမှ ထသည်။ သည်အချိန် မိုးကုပ်စက်ဝိုင်းဆီမှာ လင်းအရုဏ်ပင် မပျို့တတ်သေး။ ကလေးက ချွေးခံအင်္ကျီဝတ်၊ သံမဏိထိပ်ဦး ကွပ်ထားသည့် စစ်ဘွတ်ဖိနပ် ဟောင်းကြီးကို ခြေမှာစွပ်ပြီး အ သည်းခိုက်အောင် ချမ်းအေးလှ သည့်အိမ်အပြင်ဘက်ဆီ ပြေးထွက်လာခဲ့သည်။ သူချစ်သည့်လူဝစ္စဗီးလ်မြို့ကို ဖြတ်ပြီးပြေးမည်။ပြ ၂၀ ဝေးသည့် ချက်စနတ်လမ်းရှိ ကျောင်းဆီသို့ မကြာခဏဆိုသလို ပင် ကျောင်းကားနှင့်အပြိုင် ပြေး သွားတတ်ပါသည်။
‘‘တခြားလူတွေလို ဒီကောင် က ဘာကြောင့် ကျောင်းကားမစီး တာလဲ’’ဟု ကျောင်းသားကလေး တစ်ယောက်က မေးခဲ့ဖူးပါသည်။
‘‘ဒီ ငနဲက အရူးပဲ။ ခပ် ကြောင်ကြောင်ကောင်လေ’’ဟု ကလေး၏ အတန်းဖော်တစ် ယောက်က ပြန်ဖြေသည်။
ထိုလူငယ်သည် သူရည်ရွယ် ရာကိုပဲ တစိုက်မတ်မတ်လုပ် တတ်ကြောင်းကို နောင်တော့ ကမ္ဘာကြီးသိလာခဲ့ရသည်။ ကျွန် တော်က သိပ်ငယ်သေးတော့ မိုဟာမက်အလီ ဖြစ်မလာခင် ကလေးအကြောင်းကို မမှတ်မိပါ။ နောက်တော့ သူသည် ကမ္ဘာ့ဟဲ ဗီးဝိတ်ချန်ပီယံဖြစ်လာရုံမျှမက သူ့အကြောင်းက အငြင်းပွားစရာ လည်း ဖြစ်လာခဲ့ပါသည်။ တချို့ ကဆို သူ့ကို မထီမဲ့မြင်ပင် ပြုခဲ့ ကြလေသည်။ လေးနှစ်နီးပါးကြာ လက်ဝှေ့လောကမှ ထုတ်ပယ်ခံ ထားရပြီးနောက် အလီတစ် ယောက် လက်ဝှေ့ကြိုးဝိုင်းထဲ တစ်ကျော့ပြန်ဝင်လာချိန်မှာ ကျွန် တော်က အထက်တန်းကျောင်း သားဘဝပဲ ရှိသေးသည်။ နောက် ပိုင်း သူ့ချန်ပီယံသရဖူကို ပြန် လည်ရယူလိုက်တော့ တစ်ကမ္ဘာ လုံး တအံ့တဩဖြစ်ခဲ့ရလေသည်။
အလီ့အရည်အသွေးအပေါ် ကျွန်တော်အလေးစားဆုံးမှာ ဘဝ ကံငယ်ခေနေချိန်တွင် သူမတူ အောင် အင်အားနှင့် သတ္တိရှိနေ ခြင်းပင် ဖြစ်ပါသည်။ ဘဝမုန် တိုင်းထဲမှာ သူ့လမ်းကြောင်းကို ဘယ်တော့မှ အပျောက်မခံခဲ့ပါ။
ဒါကို ကျွန်တော့်အခန်းထဲက နံရံပေါ်မှာ ချိတ်ဆွဲထားသည့် ဓာတ်ပုံကိုကြည့်ပြီး ကျွန်တော်က အမှတ်တရရှိနေပါသည်။ ပုံမှာ ပျိုရွယ်သော လက်ဝှေ့သမားအလီ က ဆန်နီလစ္စတန်အပေါ် မိုးပြီးရပ် နေပါသည်။ အဆုံးတွင် ယင်းက အလီသည် လက်ဝှေ့သမားတစ် ဦးမျှသာ မဟုတ်။ လူသားတစ်ဦး ဖြစ်ကြောင်းကိုလည်း အဓိပ္ပာယ် ဖွင့်ဆို ပေးခဲ့ပါသည်။ ကျွန်တော် သိသော အလီသည် သူ့ကာယ အင်အားယုတ်လျော့သွားချိန်ဝယ် ကမ္ဘာကြီးအတွက် ရင်ကြားစေ့ ပေးရေးနှင့် ငြိမ်းချမ်းရေးတို့အ တွက် အားတအားဖြစ်လာသည် ဆိုခြင်းကိုပါ။
သူ့ကို ကျွန်တော်တို့ လေး စားကြပါသည်။ ကလေးများအ ပေါ်မှာ သူ၏ နွေးထွေးကြင်နာ တတ်မှုအတွက် ဖြစ်ပါသည်။ ဟိုး နှစ်အတော်ကြာတုန်းက သူ ဖီလာဒဲလ်ဖီးယားဆေးရုံတစ်ရုံကို အ လည်ရောက်ခိုက် ခြေထောက်နှစ် ဖက်စလုံးမရှိသော ကလေးငယ် ကို ကောက်ယူပွေ့ချီလိုက်ပါ သည်။ ကလေးငယ်၏ မျက်လုံး များထဲ ကြင်နာစွာ စိုက်ကြည့်ရင်း အလီက ‘‘အရှုံးမပေးနဲ့၊ လူတွေကို လပေါ်အထိတောင် လွှတ်နေကြ ပြီ။ သားလည်း တစ်နေ့ကျရင် လမ်းလျှောက်ကို လျှောက်ရမယ်။အဲဒီအခါကျရင် ဒီလိုလုပ်ပစ် လိုက်’’ဆိုပြီး နာမည်ကျော်အလီ့ ခြေအကကို ကပြပါသည်။ သူ့ လက်ပေါ်က ကလေးက တခစ် ခစ်ရယ်နေ၏။
သူ့ကို ကျွန်တော်တို့လေးစား ကြပါသည်။ သူက သူ့ထင်ပေါ် ကျော်ကြားမှုကို လောကကောင်း ကျိုးအတွက် အမြဲသုံးခဲ့သော ကြောင့်ပါ။ ၁၉၉၀ ပြည့်နှစ်တုန်း က အမေရိကန် ဓားစာခံ ၁၄ ဦး ကို အီရတ်မှ လွတ်မြောက်အောင် သူက စွမ်းဆောင်ပေးခဲ့ပါသည်။ နယ်လ်ဆင်မန်ဒဲလားကို အကျဉ်း ထောင်မှ ပြန်လွှတ်ပေးစေဖို့အ တွက် တောင်အာဖရိကသို့ သူအ ရောက်သွားခဲ့ပါသည်။ အာဖဂန် နစ္စတန်က စာသင်ကျောင်းများ ကို အကူအညီပေးဖို့ ကုလသမဂ္ဂငြိမ်းချမ်းရေး တမန်အဖြစ်ဖြင့် သွားရောက်ခဲ့ပါသည်။ ပြီးတော့နာမကျန်းဖြစ်နေသော၊ ကိုယ်အင်္ဂါမသန်မစွမ်းဖြစ်နေသော ကလေးငယ်များဆီ သူကပုံမှန်သွားရောက်အားပေးလေ့ရှိပါသည်။
သူ့ကို ကျွန်တော်တို့ လေး စားကြပါသည်။ သူက အသက် အရွယ်မရွေး လူတိုင်းနှင့် ထဲထဲ ဝင်ဝင် အဓိပ္ပာယ်ရှိရှိ ပေါင်းသင်း ဆက်ဆံနိုင်သောကြောင့်ပါ။ ယခု အချိန်မှာ သူသည် ပါကင်ဆန် ရောဂါဝေဒနာကြောင့် စကားကို တိုးတိုးလေးပဲ ပြောနိုင်တော့သလို သူ့လှုပ်ရှားမှုများကလည်း စိတ် သွားတိုင်းကိုယ်မပါနိုင်တော့ချေ။
တစ်ကမ္ဘာလုံးရဲ့ အချစ် တော် ဘာကြောင့်ဖြစ်နေရတာလဲ ဟု မေးကြည့်သောအခါ သူက တုန်ခါနေသော လက်ချောင်းများ ကို ဝှေ့ယမ်းရင်း ‘‘ဒီလိုဗျ။ အခု ကျွန်တော်က ပိုပြီးလူသားဆန်တဲ့ လူ ဖြစ်နေပြီ။ ဘုရားသခင်က လူ တွေနဲ့ ကျွန်တော့်ကို ဆက်သွယ် ပေးထားတာကိုး’’ဟု သူက ဖြေပါ သည်။
ဒါသည်ပင် သည်ကနေ့ ကျွန်တော်တို့ကို စိတ်ကူးဉာဏ် ကွန့်မြူးစေသော မိုဟာမက်အလီ ဖြစ်ပါသည်။ တကယ်အောင်မြင် ချင်လျှင် ရှုံးနိမ့်ဖူးရမည်ဟု သူက ခံယူထားသည်။ မြဲသော သစ္စာ၊ ခိုင်သော မေတ္တာတို့ဖြင့် ကျွန်တော်တို့ တစ်ဦးချင်းစီသည် ဤကမ္ဘာ မြေကို ပိုပြီးနေချင့်စဖွယ်ဖြစ်လာ အောင် လုပ်ပေးနိုင်ကြောင်း သူက စံနမူထူခဲ့ပါပြီ။ သူသည် အစဉ် ထာဝရချန်ပီယံဖြစ်နေပါမည်။ ။
(ဤဘာသာပြန်ကို ‘စံပယ်ဖြူမဂ္ဂ ဇင်း’ အမှတ် ၃/၂၀၁၀ တွင် ဖော် ပြခဲ့ဖူးပါသည်။)
http://www.7daydaily.com/story/67100 မှ ကူးယူထားပါသည်။