Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, 3 July 2016



သည်းခြေအိတ်ပြဿနာ စမဖြစ်ခင်အချိန်အထိ လူအများစု သည် ၎င်းတို့၏ သည်းခြေအိတ်နှင့်ပတ်သက်၍ များများအာရုံစိုက် လေ့မရှိကြပေ။ သို့သော် သည်းခြေအိတ် စပြီးပြဿနာဖြစ်လာပါက အတော်ပင်နာကျင်နိုင်ပြီး ဆေးကုသမှု ချက်ချင်းခံယူရမည်ဖြစ် သည်။


သည်းခြေအိတ်သည် ၀မ်းဗိုက်ညာဘက်အပေါ်ပိုင်း အသည်း အောက်တွင်ရှိသော လေးလက်မခန့်ရှည်သည့် သစ်တော်သီးပုံ သဏ္ဌာန် ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်သည်။ အသည်းက အဆီများကို ချေဖျက်ရန် ထုတ်လုပ်သော သည်းခြေရည်ကို သည်းခြေအိတ်က သိုလှောင်ထားသည်။

အသည်းက သည်းခြေရည်ကို အင်္ဂါနှစ်ခုအကြား ဆက်ထား သော  ပြွန်တစ်ခုမှတစ်ဆင့် သည်းခြေအိတ်ဆီသို့ ပို့ဆောင်သည်။

အစားအစာ စားသုံးလိုက်ချိန်တွင် အူများ၏ ဆဲလ်များက သည်းခြေအိတ်ကို ကျုံ့စေသော ဟော်မုန်းတစ်မျိုး ထုတ်လုပ်သည်။ သည်းခြေအိတ်ကျုံ့သွားခြင်းကြောင့် သည်းခြေရည်များ ထွက်ပေါ်လာသည်။

ကျန်းမာသော သည်းခြေအိတ်တစ်ခုအတွင်း ယင်းလုပ်ငန်းစဉ် များ မနာကျင်ဘဲဖြစ်ပျက်နေသော်လည်း သည်းခြေအိတ် သေချာစွာ အလုပ်မလုပ်တော့သည့်အချိန်တွင် (သို့မဟုတ်) သည်းခြေရည် များ ပိတ်ဆို့ခံရချိန်တွင် အလွန်တရာနာကျင်မှုမျိုး၊ မသက်မသာဖြစ်ခြင်းမျိုး ဖြစ်စေသည်။

အချို့သော ကြုံတွေ့နေကျ သည်းခြေအိတ်ပြဿနာများတွင် သည်းခြေအိတ်ကျောက်တည်ခြင်း၊ ရောင်ရမ်းခြင်း၊လုပ်ဆောင်ချက် မူမမှန်ခြင်းတို့ ပါဝင်သည်။

သည်းခြေအိတ်ပြဿနာဖြစ်နေပါက ၀မ်းဗိုက်ညာဘက်အပေါ် ပိုင်း (သို့မဟုတ်) အလယ်ပိုင်း နာကျင်ပြီး မူးမော်အော့အန်လေ့ရှိသည်။ အဖျားတက်ပြီး ချမ်းတုန်နေခြင်းမှာလည်း သည်းခြေအိတ်တွင် ပြဿနာတစ်ခုခုဖြစ်နေကြောင်း ဖော်ပြသည့် လက္ခဏာတစ်ရပ်ဖြစ်နိုင်သည်။

အူများလှုပ်ရှားမှုပြောင်းလဲသွားပြီး အကြောင်းမသိဘဲ ၀မ်း လျှောလေ့ရှိပါက သည်းခြေရည်များ ပြဿနာဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

ဝမ်းမှာ အရောင်ဖျော့ဖျော့ (သို့မဟုတ်) အဖြူရောင်ကဲ့သို့ သွားလေ့ရှိသည်။ သည်းခြေအိတ်ပြဿနာဖြစ်နေသူတစ်ဦး၏ ဆီး အရောင်မှာ သာမန်အရောင်ထက် ပိုနက်မှောင်နေလေ့ရှိသည်။ ယင်း မှာ သည်းခြေရည်များ တားဆီးပိတ်ဆို့ခံထားရ၍ဖြစ်သည်။ အသား အရေများ အ၀ါရောင်သန်းလာခြင်းမှာလည်း သည်းခြေအိတ်နှင့် ဆက်စပ်သော အသည်းပြဿနာကြောင့်ဖြစ်သည်။

သည်းခြေအိတ်တွင် ပြဿနာရှိကြောင်း လက္ခဏာပြနေသူ တိုင်း ဆရာဝန်နှင့် စစ်ဆေးသင့်သည်။

အကယ်၍ ၀မ်းဗိုက်ညာဘက်အပေါ်ပိုင်း နာကျင်မှု ငါးနာရီအ တွင်း ပျောက်မသွားခြင်း၊ ဖျားပြီး မူးမော်အော့အန်ခြင်းနှင့် ဆီးနှင့် အူလှုပ်ရှားမှု အတွင်းပြောင်းလဲခြင်းများ ဖြစ်ပေါ်နေပါက ချက်ချင်း ဆေးကုသမှုခံယူရန်လိုသည်။

သည်းခြေအိတ်ပြဿနာများကို အပြည့်အ၀ကြိုတင်ကာကွယ် နိုင်ခြင်း မရှိသော်လည်း  ပြဿနာဖြစ်နိုင်သည့် အန္တရာယ်များကို လျော့ကျအောင် လုပ်ဆောင်နိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
http://www.phothutaw.com/2016/07/blog-post_54.html မှ ကူးယူထားပါသည်။