Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, 5 July 2016

နာဆာလွှတ်တင်လိုက်သည့် ဂျူနိုဂြိုဟ်တု ဂျူပီတာဂြိုဟ် ပတ်လမ်းအတွင်း အောင်မြင်စွာ ဝင်ရောက်

နာဆာလွှတ်တင်လိုက်သည့် ဂျူနိုဂြိုဟ်တု ဂျူပီတာဂြိုဟ် ပတ်လမ်းအတွင်း အောင်မြင်စွာ ဝင်ရောက်: အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က လွှတ်တင်လိုက်ပြီး ငါးနှစ်အကြာတွင် ဂျူနို ဂြိုဟ်တုသည် ဂျူပီတာဂြိုဟ်ပတ်လမ်းထဲ အောင်မြင်စွာ ဝင်ရောက်သွားပြီ ဖြစ်သည်။ ဂျူနိုသည် နေရောင်ခြည် စွမ်းအင်ကို အသုံးပြုကာ ဂျူပီတာထိ ခရီးဆန့်နိုင်သည့် ပထမဆုံး ဂြိုဟ်တုလည်း ဖြစ်လာသည်။ ဂြိုဟ်ပတ်လမ်းထဲ ဝင်ရောက်ချိန်တွင် ဂျူပီတာ၏ မြေဆွဲအားကို တွန်းလှန်ရန်အတွက် ဂြိုဟ်တု၏ အရှိန်ကို လျှော့ချရန် ဒုံးကျည်အင်ဂျင် တစ်ခုက အသက်ဝင် မောင်းနှင်ခဲ့သည်။