Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, 28 March 2016

တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များအား လွှတ်တော်အသီးသီး၌ အတည်ပြုခန့်အပ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်လဲ့လဲ့မော်
တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များ၏ အမည်စာ ရင်းများကို သက်ဆိုင်ရာ လွှတ် တော်အများစုတွင် ယမန်နေ့က အသီးသီး အတည်ပြုကြေညာခဲ့ သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့်လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံရသူက အဆိုပြုသည့် ၀န်ကြီးချုပ်များ အမည်စာရင်းကို အတည်ပြုခဲ့ကြခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက အတည်ပြုခဲ့ကြသော ၀န်ကြီးချုပ်များမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဦးညီပု၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမန်း ဂျော်နီ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာဇော် မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်မိုးညို၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးဝင်းသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး ချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီး ချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်၊ ကယားပြည်နယ်ဝန်ကြီးချုပ်အ ဖြစ် အယ်လ်ဖောင်းရှိ၊ ကရင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဆလိုင်းလျန်လွယ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦး၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်တို့ဖြစ်သည်။

ခန့်အပ်လိုက်သော ၀န်ကြီး ချုပ် ၁၄ ဦးတွင် နှစ်ဦးမှာ အမျိုး သမီးဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဝန် ကြီးချုပ်များတွင် ပထမဆုံးအမျိုး သမီးဝန်ကြီးချုပ်များဖြစ်လာမည် ဖြစ်သည်။
‘‘အခုလို ကျွန်တော့်ကို  ရွေး ချယ်ခန့်အပ်တဲ့ သူတွေကိုရော၊ ကျွန်တော့် မဲဆန္ဒရှင်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ရန်ကုန်မြို့ မှာက လုပ်စရာအလုပ်တွေ၊ စိန် ခေါ်မှုတွေအများကြီးရှိပေမယ့် စွမ်းစွမ်းတမံဆောင်ရွက်သွားမှာ ပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူ ဦးဖြိုးမင်းသိန်းက ပြောသည်။
ကချင်ပြည်နယ်လွှတ်တော် မှာမူ မတ်လ ၂၈ ရက်က မကျင်း ပဖြစ်သည့်အတွက် အတည်ပြု ကြေညာနိုင်ခြင်းမရှိသေးသော်လည်း ကြိုတင်ထုတ်ပြန်ထားသော အမည်စာရင်းတွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်အား ရွေးချယ်ထားကြောင်း ပါရှိသည်။
ယခုအတည်ပြုခန့်အပ်ခံရ သူများသည် မတ်လ ၂၇ ရက်က ကြိုတင်သတင်းထွက်ထားသည့် စာရင်းအတိုင်းဖြစ်ပြီး နေရာအ များစုတွင် ကန့်ကွက်သူမရှိဘဲ အ တည်ပြုနိုင်ခဲ့သည်။
ရခိုင်ပြည်နယ်လွှတ်တော်၌ ဒီချုပ်ပါတီဝင် ဦးညီပုကို ပြည် နယ်ဝန်ကြီးချုပ်အဖြစ် အမည်စာ ရင်းတင်သွင်းခဲ့၍ ရခိုင်အမျိုးသား ပါတီ(ANP)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များလွှတ် တော်အစည်းအဝေးမပြီးမီ အ စည်းအဝေးခန်းမထဲမှထွက်ခွာပြီး သပိတ်မှောက်ခဲ့ကြသည်။တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များအနေဖြင့် တစ်လ လျှင် လစာ ကျပ် သိန်း ၃၀ရရှိမည် ဖြစ်ပြီး မော်တော်ယာဉ်လေးစီး (တစ်စီးလျှင် တစ်လ ဆီဂါလန် ၆၀)၊ ယာဉ်ထိန်းသိမ်းစောင့် ရှောက်ခြင်း အခမဲ့ခံစားခွင့်ရှိ ကြောင်း သတင်းရရှိသည်။
ထို့အပြင် အစိုးရနေအိမ် တွင် အခမဲ့နေထိုင်ခွင့်၊ ပြည်တွင်း အခမဲ့ဆေးကုသခွင့်၊ ရေအခမဲ့ သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းဖုန်း ခေါ်ဆိုမှုအတွက် အခမဲ့သုံးစွဲခွင့် တို့ကိုလည်း ရရှိမည်ဟု ဆိုသည်။
ဆက်လက်၍ ကိုယ်ရေးအ ရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ယာဉ်မောင်းလေးဦးနှင့် လုံခြုံရေး အစောင့်အရှောက်တို့လည်း ရရှိ မည်ဟုသိရသည်။
http://www.7daydaily.com/story/61552 မှ ကူးယူးထားပါသည်။

သူမနဲ့ ဘယ်လောက်ဝေးဝေး နီးနီးလေး ပါပဲ - သစ်ထူးလွင် (နေ့စဉ်သတင်း)

တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်ကိုခန့်အပ်

တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်ကိုခန့်အပ်: တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် သရက်ချောင်းမဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာလဲ့လဲ့မော်ကို ယနေ့(မတ်လ၂၈ရက်) နံနက်က ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ခန့်အပ်လိုက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးကိုခန့်အပ်

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးကိုခန့်အပ်: မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမင်းမင်းဦးကို ယနေ့(မတ်လ ၂၈ရက်)တွင် ပြုလုပ်သောမွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်ကိုခန့်အပ်

ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်ကိုခန့်အပ်: ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာလင်းထွဋ်ကို ခန့်အပ်လိုက်ပြီဖြစ်သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်း အဝေး ဆဌမမြောက်နေ့ဖြစ်သည့် ယနေ့(မတ်၂၈ ရက် ) နံနက်ပိုင်းတွင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ
အဖြစ် ရွေးချယ်ခြင်းခံရသူက အမည်စာရင်းပေးပို့ ခန့်အပ်သည့် ပြည်နယ် ဝန်ကြီးချုပ် အမည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာလင်းထွဋ်သည် ဒီချုပ်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တရားမျတရေး ခွင့်တူညီမျှရေး နှင့် တိုင်းရင်းသား အရေးကို ဦးစားပေး
ဆောင်ရွက်သွားမည်ဟု 7Day Daily သို့ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီကို ခန့်အပ်

ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီကို ခန့်အပ်: ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ကျုံပျော်မြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မြေမှ ဦးမန်းဂျော်နီအား ယနေ့(မတ်လ ၂၈ရက်) နံနက်ကပြုလုပ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခန့်အပ်လိုက်သည်။ ဓာတ်ပုံ -သက်ဆွေ

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်ကိုခန့်အပ်

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်ကိုခန့်အပ်: မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် အမရပူရ(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို ခန့်အပ်လိုက်ကြောင်း ယနေ့( မတ်လ ၂၈ရက်) နံနက်တွင် ကျင်းပသော မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ဓာတ်ပုံ - ပိုင်စိုးသူ

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်းကိုခန့်အပ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်းကိုခန့်အပ်: ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လှည်းကူးမဲဆန္ဒနယ်အမတ် ဦးဖြိုးမင်းသိန်းအား ခန့်အပ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ယနေ့(မတ်လ ၂၈ရက်)နံနက်တွင် အတည်ပြုကြေညာလိုက်သည်။
အပြင်နဲ့ လည်းတိုက်နေရတယ်။ အတွင်းနဲ့လည်း တိုက်နေရတယ်။
ဘ၀ အတွက် ထပ်ဖြည့်ဖို့ ကြိုးစားချင်ပေမဲ့၊ ရှင်သန်ဖို့ က ပိုအရေးကြီးနေပြန်တယ်။
သူများတွေက အမြင့်တက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ငါက ပြုတ်မကျဖို့ တွယ်ဖက် ကျားကန်ထားရတယ်။
28th Mar, 2016. 2:50Pm

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်သစ် အမည်စာရင်းများ ထွက်ပေါ်

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်သစ် အမည်စာရင်းများ ထွက်ပေါ်: ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် အမည်စာရင်းများ လွှတ်တော်များသို့ တရားဝင်တင်သွင်းကြေညာမည့် မတ်လ ၂၈ ရက် မတိုင်မီ တစ်ရက်အလိုကတည်းက ထွက်ပေါ်ခဲ့သည်။

ဒလိုင်းလားမားသည် တိဘက် ဗုဒ္ဓဘာသာဝင်များကို အရူးလုပ်နေ ကြိုးစားနေဟု တရုတ်စွပ်စွဲ

ဒလိုင်းလားမားသည် တိဘက် ဗုဒ္ဓဘာသာဝင်များကို အရူးလုပ်နေ ကြိုးစားနေဟု တရုတ်စွပ်စွဲ: ဘုန်းတော်ကြီး ဒလိုင်းလားမားသည် တိဘက် ဗုဒ္ဓဘာသာဝင်များကို အရူးလုပ်ရန် ကြိုးစားနေသူ တစ်ဦးဖြစ်ကြောင်း တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းက စွပ်စွဲ ပြောကြားလိုက်သည်။