Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, 29 August 2017

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မစောနဲ့

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မစောနဲ့:
ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
လွန်ခဲ့သော ၁၅ နှစ်ခန့် ရန်ကုန်မြို့ကဗြိတိန်သံအမတ်ကြီးအနေဖြင့် ကျွန်တော်သည်ရှည်လျားကွေ့ ကောက်သော မြစ်ကြောင်းခရီး စဉ်ဖြင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့ ၏ မင်းနေပြည်တော်မြို့ဖြစ်သည့် မြောက်ဦးမြို့သို့ သွားခဲ့သည်ကို အမှတ်ရမိသည်။ မြောက်ဦးသည် အလွန်လှပခမ်းနားပြီး တစ်ချိန်က မြန်မာမှာ အင်အားကောင်းပြီး ကြွယ်ဝချမ်းသသော စနစ်ကျလှ သည့် လူနေမှုအဖွဲ့အစည်းတစ်ခု ရှိခဲ့ကြောင်း သက်သေတစ်ခု လည်းဖြစ်သည်။ ရခိုင် (သို့မဟုတ်)အာရကန်ဒေသသည် ဒုတိယ ကမ္ဘာစစ်အတွင်းက အရေးပါ သော တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ သော နေရာလည်းဖြစ်ပြီး ဗြိတိန် ရေတပ်မတော်မှ ကျွန်တော့် ဦးလေးလည်း ထိုဒေသသို့ ရောက်ခဲ့ဖူးသည်။
ယခုအချိန်မှာတော့ တခြား အကြောင်းများဖြင့် ရခိုင်ဒေသကို ကျွန်တော်တို့ သိနေကြသည်။ ရခိုင်ဒေသသည် စစ်အာဏာရှင် လက်အောက်မှာ အနှစ် ၅၀ ကျော် နေလာခဲ့ပြီးနောက် ပြန် လည်ထူထောင်နေသော မြန်မာ အစိုးရနှင့် နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာ (ခေါ်) ဘင်္ဂါလီစကား ပြောမွတ်စလင်လူမျိုးများအကြား က အန္တရာယ်များသော ပဋိပက္ခ ပြဿနာများ၏ အချက်အချာဖြစ် လာနေသည်။
ထိုဒေသမှာ နှစ်ပေါင်းများ စွာကြာအောင် ခွဲခြားဆက်ဆံမှု များရှိနေခြင်း၊ အတင်းအဓမ္မနေ ရာပြောင်းခြင်း၊ ကျေးရွာများမီးရှို့ ခြင်းနှင့် နိုင်ငံသားဖြစ်ခွင့်ကို ငြင်း ပယ်ခြင်းအပါအဝင် ရိုဟင်ဂျာ များသည် မြန်မာစစ်တပ်များ၏ ရက်ရက်စက်စက် ဖိနှိပ်မှုခံနေရခြင်းများ ရှိနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည့် အတွက် ရိုဟင်ဂျာများဘက်က ဝင်ရောက် ရပ်တည်ပေးတာက လွယ်၏။
သို့သော်လည်း ကျွန်တော် တို့အနေဖြင့် အခြေအနေကို တိုး တက်ချင်သည်ဆိုပါက ရှုတ်ချပြစ် တင်ခြင်းမပြုခင် နားလည် သဘောပေါက်ဖို့လိုသည်။ သည် ပြဿနာများသည် မြန်မာအတွက် သက်သက်ချည်းသာမဟုတ်ပါ။ အရှေ့အလယ်ပိုင်းဒေသအတွက် လည်း ပါသည်။
ပထမဆုံးအနေဖြင့် မြန်မာ မှာ ဒုက္ခခံစားနေရသည်မှာ ရခိုင် က မွတ်စလင်တွေချည်းသာ မဟုတ်ချေ။
၁၉၅၈ ခုနှစ်က စခဲ့သည့် စစ်အာဏာရှင်စနစ် အုပ်ချုပ်မှု သည် ဗမာ၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ပလောင်၊ ကိုးကန့်၊ ရခိုင်ဗုဒ္ဓဘာသာနှင့် ရခိုင်မွတ်စလင်များနှင့် စစ်သားများအ ပါအဝင် အားလုံးကို စနစ်တကျ ဖိနှိပ်ခဲ့သည်။ မည်သူ့ကိုမှ ချမ်း သာမပေးခဲ့ချေ။ စီးပွားရေးကို ချွတ်ခြုံကျစေသည်။ လူမှုအသိုက် အဝန်းကို ဖျက်ဆီးခဲ့သည်။ မြန်မာကို ဖြစ်ထွန်းစေနိုင်သည့် လူမှုအ ဖွဲ့အစည်းများကို အချင်းချင်း မသင့်မြတ်ဆန့်ကျင်ကြအောင် လုပ်ခဲ့သည်။
ထို့ကြောင့် ရခိုင်ဒေသက မွတ်စလင်များကို ဖိနှိပ်မှုနှင့်ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ချက်ချင်းအရေးမယူဟု လူ တွေက ဝေဖန်ကြသောအခါ ကျွန် တော်စိတ်ပျက် ရင်နာမိသည်။ မြန်မာ၏ ဒဏ်ရာဗရပွနှင့် လူမှု အဖွဲ့အစည်း၏ တည်ဆောက်မှု ကို စတင်ပြင်ဆင်ရန်ဆိုသည်မှာ ပင် မျိုးဆက်အဆက်ဆက်လုပ် ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ် သည်။ လူတိုင်းမှာ ဒေါ်အောင် ဆန်းစုကြည်ကို ပြောပြဖို့ ပြဿနာရှိနေသည်။ လူတိုင်းမှာ အစိုးရ သစ်ကို တင်ပြဖို့ ပြဿနာတွေရှိ နေခြင်းက မြန်မာအစိုးရကို အ ကျပ်တွေ့စေသည်။
၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်မြင်မှုသည် ခိုင်မာသော အရာမဟုတ်။
၂၀၀၈ ခုနှစ်အခြေခံဥပဒေ က စစ်တပ်အား နိုင်ငံ၏ လုံခြုံရေး ကို ကိုင်ထားသည့် အဓိကဝန်ကြီး ဌာနသုံးခုကို ပေးထားသည်။ လွှတ်တော်ကို တားမြစ်နိုင်သည့် အချုပ်အခြာအာဏာ ပေးထား သည်။ အရပ်သားအစိုးရ ထိန်း ချုပ်ခံရမှုမှ လွတ်လပ်ခွင့်လည်း ပေးထားသည်။ ထိုအခြေခံဥပဒေ က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားမြစ်ထား ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေးဝန်ကြီးသာ ဖြစ် စေခဲ့သည်။ သည်အချက်က လက်ရှိဖြစ်ပွားနေသော အခြေအနေ၏ အဓိကသော့ချက်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် တိုင်းပြည်၏ စီးပွားရေးကို ပြုပြင်ဖို့လို၏။ သို့မှသာ ဒီမိုကရေ စီစနစ်သည် တိုင်းပြည်ကို သာ ယာဝပြောမှုများ သယ်ဆောင် လာသည်ဟု လူတွေက မြင်ကြ မည်။ သူက မြန်မာ၏ နိုင်ငံတကာ မှာ အနေအထားကို များစွာသက် ရောက်နေသော ရှမ်းပြည်မြောက် ပိုင်းနှင့် ကချင်ပြည်နယ်တို့က ကာလကြာရှည်နေပြီး အန္တရာယ်ကြီးသော မငြိမ်ဝပ်ထကြွမှုများကို ညှိနှိုင်း ဖြေရှင်းရေးတွက် တရုတ်နိုင်ငံအကူအညီဖြင့် ကြိုးစားနေသည်။
သူ့အနေဖြင့် သတိထားပြီး မှန်မှန်ကန်ကန် လုပ်ဆောင်ရန် လိုအပ်သည်။ စစ်တပ်၏ ဒီမိုက ရေစီ ခွဲထွက်ရေး တိုင်းရင်းသား လူမျိုးစုများနှင့် နိုင်ငံတကာအ ပေါ် ထားရှိသော သံသယများက ကုန်ဆုံးသွားသေးသည်မဟုတ်။ ဗုဒ္ဓဘာသာ အာရကန်အမျိုးသား ရေးပါတီနှင့် အာရကန်စစ်တပ်အ ပါအဝင် အခြားအင်အားကြီး အုပ်စုများမှာလည်း သူတို့၏ သီးခြား ရည်မှန်းချက်များရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ရခိုင်ဒေသက မွတ်စလင် များအရေးကို ဂရုမစိုက်ဘူးဆို သည်မှာ လုံးဝမဟုတ်ပါ။ သူအ လေးထားသည်ဆိုတာကို ကျွန် တော်သိသည်။ ၂၀၁၆ ခုနှစ်တွင်ရခိုင်ဒေသငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် အစိုးရကော်မတီတစ်ခုကို ဦးဆောင်ရန် သူက သဘော တူခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး ရခိုင်ဒေသအတွက် အကြံပေးကော်မတီ ဖွဲ့စည်းခဲ့သည်။
ကိုဖီအာနန်တင်သွင်းသည့် အစီရင်ခံစာသည် ပြီးခဲ့သည့် ကြာ သပတေးနေ့က ရန်ကုန်မှာ ထုတ် ပြန်ခဲ့သည်။ ယခုကဲ့သို့ ကျယ်ပြန့် ရှုပ်ထွေးနေသည့် အခြေအနေ ဝန်းကျင်မှာ အကြံပေးကော်မတီ ၏ အကြံပြုချက်အတော်များများ ကို တတ်နိုင်သမျှ သူရော အစိုးရ ကပါ အကောင်အထည်ဖော်ပါ မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
သို့သော် တိုးတက်မှုကို လူ တိုင်းလိုလားသည်တော့မဟုတ်။ သောကြာနေ့ မနက်စောစောမှာ ပင် ရန်ကုန်က အစီရင်ခံစာထုတ် ပြန်မှုနှင့် ချိန်ကိုက်ထားသည့် အ လား ရခိုင်က ရဲကင်းစခန်း ၂၀ ကျော်ကို အကြမ်းဖက်အုပ်စုတစ် စုဖြစ်သော ဟာရကတ်အယ်လ် ရာကင်နှင့် ဆက်နွှယ်နေသော လက်နက်ကိုင်သူပုန် ၁၅၀ က တိုက်ခိုက်ခဲ့သည်။ အဆိုပါအုပ်စု ခေါင်းဆောင်မျာသည် ပါကစ္စတန်နိုင်ငံက အစွန်းရောက်အုပ်စုများ ဖြစ်သော အယ်လ်ကိုင်ဒါ၊ ဒေရှ် တို့က သင်ကြားပေးထားသော အကြမ်းဖက်မှုဆိုင်ရာ အတွေ့အ ကြုံများ ရှိကြ၏။
အရှေ့အလယ်ပိုင်းနှင့်  အ နောက်အာဖရိက အလွန်အန္တရယ်ကြီးသော အုပ်စုများနှင့် အဆက် အသွယ်ရှိနေသည့် ကြောက်စရာ ကောင်းလှသည့် နောက်ထပ်သူ ပုန်ထမငြိမ်ဝပ်မှုများကို ကျွန် တော်တို့ မလိုလားပါ။ ထို့ကြောင့် အခြေအနေကို အမြန်ဆုံးတိုး တက်ရေးအတွက် အကြီးမားဆုံး တာဝန်ရှိသူမှာ မြန်မာအစိုးရဆို သည်မှာ ရှင်းပါ၏။ သို့သော် နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် လည်း ပြစ်တင်ဝေဖန်နေမည့်အ စား ကူညီသင့်ပါသည်။
၁၉၄၇ နောက်ပိုင်း လွတ်လပ်ရေးရပြီးနောက် မြန်မာက ရင် ဆိုင်နေရသည့် ပြဿနာတစ်ခုမှာ သူတို့မှာ ယုံကြည်စိတ်ချရသော မဟာမိတ်များမရှိခြင်းပင်။ သည် လိုမျိုး ပြန်လည်ဖြစ်ပွားမှာကို ကျွန်တော်တို့ ခွင့်မပြုနိုင်ပါ။ အင် ဒိုနီးရှားနှင့် စင်ကာပူတို့ရှိသည့် အာဆီယံက အခန်းကဏ္ဍတစ်ခု ကနေ ပါဝင်ကူညီသင့်သည်။ ထို နည်းအတူ ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေးဗီးယားကဲ့သို့ အာရပ်နိုင်ငံကြီးများကလည်း ကူညီရမည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ ၏ နိုင်ငံတကာမှာ တက်ကြွပါဝင် ဆောင်ရွက်လာသည့် ပုံစံအသစ် က လက်ခံကြိုဆိုဖွယ်ရာ ဖြစ် သည်။ သူတို့အနေဖြင့် စနစ်တကျ စီစဉ်ထားသည့် အကြမ်းဖက် တော်လှန်မှုများနှင့် သူပုန်ထကြွ မှုများကို ခြိမ်းခြောက်မှုများအဖြစ် မြင်လာသည်။ ထိုအရာက ဥပမာ အားဖြင့် သူတို့၏ အီရတ်အပေါ် ထားသည့် အရေးပါသော မူဝါဒ အပြောင်းအလဲတစ်ခုကို စတင် စေခဲ့သည်။ အခြားအိမ်နီးနားချင်း နိုင်ငံအချို့နှင့် ဆန့်ကျင်သည့် သူတို့၏ အလားတူ ခိုင်မာသောပြောင်းလဲချဉ်းကပ်မှုမျိုးကို ဆော်ဒီက မြန်မာနှင့် အခြားအရှေ့တောင်အာရှမှာ ကျင့်သုံးနိုင်မည်ဆိုပါက အလွန်ကောင်းပါလိမ့်မည်။
ထို့အတူ လတ်တလော ရခိုင်ဒေသက မွတ်စလင်လူမျိုးများ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ နိမ့်ကျယိုယွင်းနေသည်များကို ဖြေရှင်းဖို့ နည်းလမ်းများဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းသည် အလွန်ကောင်းသည့် ခြေလှမ်းတစ်ခုဖြစ်ပါလိမ့်မည်။
အတိတ်ဆယ်စုနှစ်များဆီ က အရာတစ်ခုကို ကျွန်တော်တို့ လေ့လာနိုင်သည်မှာ အကြမ်းဖက် ခြိမ်းခြောက်မှုအားလုံး၏ တစ်ခု နှင့်တစ်ခု ဆက်နွှယ်ပတ်သက်မှု ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံအ စွန်အဖျားမှာဖြစ်လာသည့်အရာ တစ်ခုက နောက်ဆုံးမှာ ကျွန် တော်တို့အားလုံးဆီမှာ လာအ ဆုံးသတ်လာလိမ့်မည်။ သူပုန်ထ ခြင်းသည် မည်သူ့အတွက်မှ ကောင်းစွာ ဆုံးခန်းတိုင်မည် မဟုတ်။ အောင်ဆန်းစုကြည် အ နေဖြင့် ကျွန်တော်တို့၏ ပံ့ပိုးအား ပေးမှုနှင့် ထိုက်တန်ပါသည်။ သူ့ ကို လျစ်လျူရှုပစ်ပယ်မည်ဆိုပါ က တခြားနည်းလမ်းမရှိ။ နောက် ထပ်စစ်တပ်အုပ်ချုပ်သည့် အစိုးရ တစ်ခုကိုသာ ကျွန်တော်တို့ ရပါ လိမ့်မည်။ သည်လိုဆိုလျှင် ရခိုင် ဒေသက မွတ်စလင်များအပါအ ဝင် အားလုံးအတွက် ပျက်စီးခြင်း ငါးပါးဆိုက်သွားပါလိမ့်မည်။
(အဆိုပါဆောင်းပါးကို ရေးသား သူဆာဂျွန်ဂျန်ကင်သည် ဘာရိန်းနိုင်ငံအခြေစိုက် နည်းဗျူဟာဌာနမှ အရှေ့အလယ်ပိုင်းဆိုင်ရာ အ ဝေးရောက်ညွှန်ကြားရေးမှူးဖြစ် သည်။ သူသည် မြန်မာနှင့် ဆော် ဒီအာရေးဗီးယားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။)ထားထားမြင့် ဘာသာပြန်ဆိုသည်။
http://www.7daydaily.com/story/105956 မှ ကူးယူထားပါသည်။