Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, 25 July 2016

A (သို့) B အစား ဘာ့ကြောင့် C ဟာ ကွန်ပျူတာရဲ့ Default Drive ဖြစ်နေရသလဲ


ကျွန်ုပ်တို့ နေ့စဉ်အသက်ရှင်နေထိုင်ရင်း အရေးကြီးတဲ့အရာတွေ အမှတ်မထင် တွေ့ကောင်းတွေ့နိုင်ပါတယ်။ အများအားဖြင့် ထူးဆန်းတဲ့အရာကို ကျွန်ုပ်တို့ သတိမမူမိကြပါဘူး။ နည်းပညာတိုးတက်မှုနဲ့အတူ ကွန်ပျူတာသုံးစွဲမှုက လိုအပ်ချက် ဖြစ်လာခဲ့ပါတယ်။ နည်းပညာလောကရဲ့ လက်ရှိအနေအထားမှာ ကွန်ပျူတာက လူသားတွေရဲ့မရှိမဖြစ်အစိတ်အပိုင်းတစ်ခုလို့ ပြောရင် အံ့သြစရာမရှိပါဘူး။ နှစ်ပေါင်းများစွာ ကွန်ပျူတာအသုံးပြုလာခဲ့ကြသည့်တိုင် ကျွန်ုပ်တို့မသိသေးတဲ့အရာများစွာ ရှိနိုင်ပါတယ်။
ဘာကြောင့် drive တွေရဲ့နာမည်တွေ "C" ကနေစရသလဲ စဉ်းစားမိဖူးပါသလား။ A နဲ့ B ဘယ်ရောက်သွားကြလဲ။
သဲလွန်စတစ်ခု။ Floppy Drives ကို သိလား။
အဖြေကတော့…
·         Hard disk drives က ၁၉၈၀ ကတည်းက စံပြဖြစ်လာခဲ့တာပါ။
·         Hard disk drives မတိုင်ခင် Floppy disk drives တွေကို သိုလှောင်သိမ်းဆည်းရာအဖြစ် အသုံးပြုခဲ့ပါတယ်။
·         Floppy disk က ၅ ၁/၄ လက်မနဲ့ ၃ ၁/၂ လက်မ အရွယ်အစားဖြစ်လာခဲ့တယ်။
·         အဲဒီ Floppy disk drive နှစ်ခုကို Local Disk (A) နဲ့ Local Disk (B) နာမည်ပေးခဲ့တယ်။
·         Hard disk တီထင်မှုအပြီး ၈ လက်မအရွယ် floppy disk ရှိလာပါတယ်။
ဒါ hard drives တွေကို အမည်ပေးမှုနောက်ကွယ်က အကြောင်းတရားလေး ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ drives တွေကို C၊ D၊ E လို့ နာမည်ပေးခဲ့ပါတယ်။ DVD drive နဲ့ USB drive ကို F၊ G လို့ နာမည်တပ်တယ် စသဖြင့်ပေါ့။
C drive ဟာ နဂိုအနေအထား default လို ဖြစ်နေပေမယ့် administrative rights ရှိပါက A or B သို့ ပြောင်းနိုင်ပါတယ်။
Ref: alltechbuzz
http://www.trend.com.mm/2016/07/18/tech-10054 မှ ကူးယူထားပါသည်။



ဘာကြောင့် Bluetooth လို့ အမည်ခေါ်တွင်ရသလဲ






ကျွန်ုပ်တို့အားလုံး သိပြီးတဲ့အတိုင်းပဲ Bluetooth ဆိုတာ ဆက်သွယ်ရေးကိရိယာတစ်ခုမှ နောက်တစ်ခုသို့ ဒေတာတွေ ပြောင်းရွေ့ရယူရာမှာ အသုံးပြုတဲ့ ကြိုးမဲ့ကွန်ယက်နည်း ပညာတစ်ခု ဖြစ်ပါတယ်။ Bluetooth ဆိုတဲ့ နာမည် ဘယ်လိုဖြစ်လာရသလဲ သိချင်စိတ်ဖြစ်ဖူးပါသလား။
အထူးအဆန်းတော့မဟုတ်ပါဘူး။ သွား သို့မဟုတ် အပြာရောင်ဖြစ်နေခြင်းနဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး။ အဲဒီနာမည်ဟာ ၉၅၈ နဲ့ ၉၇၀ ခုနှစ်ကြား အလယ်ခေတ် ဒိန်းမတ်ဘုရင်တစ်ပါးကနေတဆင့် ဖြစ်ပေါ်တာပါ။
၁၉၉၄ ခုနှစ်မှာ ဆွီဒင်ကုမ္ပဏီ Ericsson က အင်ဂျင်နီယာအဖွဲ့အဖွဲ့မှ ဆက်သွယ်ရေး ကိရိယာတစ်ခုနဲ့တစ်ခုကြား ဒေတာအပြန်အလှန်ပေးပို့စေနိုင်တဲ့ဆက်သွယ်ရေးနည်းပညာတစ်ခု တီထွင်ခဲ့ပါတယ်။ ဒါကို ထောက်ရှုပြီး အင်ဂျင်နီယာတွေ ဒိန်းမတ်ဗိုက်ကင်းလူမျိုးစုရှင်ဘုရင် Harald Blatand ရဲ့အကြောင်း ပြန်အမှတ်ရခဲ့ကြပါတယ် (သို့မဟုတ် အင်္ဂလိပ်လို Harold Bluetooth၊ သွားတွေ စွန်းထင်းစေတဲ့ ဘလူးဘယ်ရီသီးခုံမင်နှစ်သက်မှုကြောင့် ၄င်းနာမည် ရရှိခဲ့သူ)။
Blatand မှာ အကြမ်းမဖက်စေ့စပ်ဆွေးနွေးမှုမှာ တမူထူးတဲ့ စွမ်းဆောင်ရည်ရှိကြောင်း သိရပါတယ်။ စကားလုံးတွေ၊ ဆက်ဆံပြောဆိုမှုနဲ့အတူ သူ့လမ်းစဉ်ဟာ ဒိန်းမတ်နဲ့ နော်ဝေးနိုင်ငံကို နယ်မြေတစ်ခုအဖြစ် ပေါင်းစည်းတဲ့အထိ ခရီးရောက်ခဲ့ပါတယ်။ ဘုရင် Blatand နှစ်နိုင်ငံပေါင်းစည်းလိုက်နိုင်ခြင်းအတွက် လူသိများမှုနဲ့အလားတူစွာ သီးခြားဆက်သွယ်ရေးကိရိယာတွေကြား ချိတ်ဆက်နိုင်မှုနဲ့ ပူးတွဲဆောင်ရွက်ခွင့်ရစေရန် Bluetooth နည်းပညာ ပေါ်ပေါက်ခဲ့ပါတယ်။
Bluetooth logo မှာ Harald Blatand ရဲ့ အစအက္ခရာတွေ ရေးထိုးထားပါတယ် (Runic ဘာသာဖြင့်)။ သူ့ဆောင်ရွက်မှု ဂုဏ်ပြုရန်အတွက် သူ့နာမည် အစအက္ခရာစာလုံးတွေကို အင်ဂျင်နီယာတွေ ပေါင်းစပ်လိုက်ပါတယ်။
ပုံကို ကြည့်ပါက B နောက်က ကားထွက်နေတဲ့ မျဉ်းကြောင်းနှစ်ခုက Runic ဘာသာ H ကို ကိုယ်စားပြုပါတယ်။ နောက် B က Blatand ကို ကိုယ်စားပြုပါတယ်။

Ref: alltechbuzz
http://www.trend.com.mm/2016/07/25/tech-10098 မှ ကူးယူထားပါသည်။