ရက်ပေါင်း ၁၄ဝ ကြာ ကိုယ်တိုင် စုံစမ်းဖော်ထုတ်ခဲ့ရသည့် ကားပျောက် ရှာပုံတော်
” ဥစ္စာပျောက် ငရဲရောက်”ဟု ဆိုစကားကို
ကိုမင်းထင်လင်းအောင်တစ်ယောက် နဖူးတွေ့ဒူးတွေ့သိခဲ့ရလေပြီ။ သူက
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏမြို့နယ်)အတွင်းမှာ New
Day Light အမည်ရှိ စားသောက်ဆို င်လေးတစ်ဆိုင် ဖွင့်လှစ်ထားသူ ဖြစ်သည်။
သူ့ဇာတိက မွန်ပြည်နယ် မော်လမြိုင်ဘက်ကဖြစ်ပြီး ရန်ကုန်တွင် အခြေချ၍
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ် ထားသူလည်း ဖြစ်သည်။ မွန်သံဝဲဝဲ
ဖြင့် ပြောလေ့ရှိသည့် သူ့စရိုက်ကို သူ့ဆိုင်က ဖောက်သည်များက ချစ်ခင်ကြသည်။
ယခုလည်း ”ငရဲ”ကျမတတ် ခံစားနေရသည်။
သူတို့မိသားစုလေး စုဆောင်းထားသည့် ငွေဖြင့် ဝယ်ယူထားသည့် Lite Ace
ကျွဲခေါင်း အမျိုးအစား ဇုန်ထုတ်ကားေ ဟာ င်းလေးတစ်စီး
နေ့ခင်းကြောင်တောင်အချိန်တွင် ခိုးယူခြင်းခံလိုက်ရသည်။ ဝယ်ယူထားသည်မှာ ရက်
၂ဝ ကျော်ခန့်သာ ရှိသေးသည်ဟုဆိုသည်။ ထို့အတွက်ကြောင့်လည်း ခိုးသူသည်
သူ့ဆိုင်နှင့် ပတ်နွယ်နေသည့် မိတ်ဆွေများလည်းပါ ဝင်ရမ ည်ဟု
သူတွေးထင်ခဲ့သည်။ ထို့အတွက် ကြောင့် သံသယအမြင်ဖြင့်သာ ရှုမြင်ခဲ့သည်။
သူ့ကားလေး ပျောက်ဆုံးချိန် ရက်ပိုင်းအတွင်း ဆိုင်ရှိ စားပွဲထိုး
ကလေးငယ်လေး တစ်ဦး သွေးကင်ဆာရောဂါဖြင့် ဆေး ဝါးကုသ မှု ခံနေရ၍
ကိုမင်းထင်လင်းအောင်တစ်ယောက် ကူညီပေးနေသလို သူ့အတွက်
အလုပ်ပိုမိုများခဲ့သည်။ ဆိုင်ပို င်ရှင်တစ်ဦး ဖြစ်သော်လည်း ထိုကလေး
ဆေးရုံတက်နေရသောကြောင့် လစ်လပ်နေသည့် အလုပ်များကို ဝင်ရောက်လု
ပ်ကိုင်ပေးနေသည်။
အကြောင်းမူ အခြားကလေးငယ်များမှ ဆေးရုံတက်ရောက်နေသည့် ကလေးငယ်လေးအပေါ်
အမြင်မစောင်းစေရန် အတွ က်လည်း ဖြစ်သည်ဟုဆိုသည်။ ထိုနေ့ကို
သူကောင်းကောင်းမှတ်မိသည်ဟုဆိုသည်။ ယခုနှစ် မတ် ၃ဝ ရက် ညနေ ၎
နာရီဝန်းကျင်ခန့်တွင် သူ့ကားလေး ပျောက်ဆုံးသွားကြောင်း အလွယ်တကူပင်
မှတ်ဥာဏ်များမှ ပေါ်ထွက်လာအောင်ပင် မှတ်မိနေသည် ဟုဆိုသည်။
ဆိုင်ရှေ့တွင်ရပ်ထားသည့် ကား လေးသည် အချိန်တိုအတွင်း လွယ်ကူစွာပင်
ခိုးယူခြင်းခံ လိုက်ရသည်။
ထို့ကြောင့် ကား ပျောက်သည်ကိုသိသိခြင်း သင်္ဃန်းကျွန်း(သုဝဏ္ဏ)
နယ်မြေရဲစခန်းသို့ သတင်းပို့တိုင်တန်းခဲ့သည်။ သူ၏ တိုင်တန်းမှုအား ရဲစခန်းမှ
စစ်ချက်ရယူ၍ မြို့အထွက်ဂိတ်များသို့ အကြောင်း ကြားပေးခဲ့သည်ဟုဆိုသည်။
သို့သော်လည်း အကြောင်း မထူးခဲ့ပေ။ ရန်ကုန်မြို့ကဲ့သို့ ယာဉ်စီးရေ
ထူထပ်များပြားစွာရှိသည့် အခြေအနေတွင် သူ၏ကားလေးသည် စူဠလိပ်အား
ရေထဲလွှတ်ပေးလိုက်သည့်ပမာ ရှိလှသည်။
”ကိုယ်လဲ ရဲစခန်းမှတစ်ပါး ကျန်တာမသိ။ လေးရက်လောက်နေတော့ ဘာမှမထူး တာနဲ့
မိတ်ဆွေအချို့ရဲ့ အကြံပြုချက် အရ ၅၂ လမ်းက ယာဉ်ထိန်းရုံးကို သွားခဲ့တယ်။
ရုံး ရောက်တော့ ဒါကရဲအမှုဖြစ်တယ်။ (ပ) နံပါတ် မေးတယ်။ (ပ)နံပါ တ်သိမှ
ဆက်လုပ်လို့ရမယ် ပြောတာကြောင့် စခန်းကို ပြန်လာခဲ့တယ်”ဟု
ကိုမင်းထင်လင်းအောင်က သူ့ဖြစ်စဉ်ကို ပြန် ပြောပြသည်။
သူ၏အမှု့အတွက် လိုအပ်သည့် (ပ)နံ ပါတ်အား သိရှိလို၍ ရဲစခန်းတွင်သွားရောက်
တောင်းယူခဲ့သော်လည်း မရရှိခဲ့ဟု ဆိုသည်။ ”အဲဒီအချိန်က စခန်းမှူး
ဆရာသန်းစိုး တွေ့ရတယ်။ သူကတော့ အကောင်းဆုံး ဆောင်ရွက်ပေးနေတယ်”ဟု
ထိုအချိန်က တာဝန်ယူခဲ့သည့်စခန်းမှူးမှ ပြောဆိုခဲ့သည် ဟုဆိုသည်။ ”အဲဒီမှာ
မြို့နယ်အုပ်ချုပ်ရေးမှူးကို အ ကြံÓဏ်ေ တာင်းကြည့်တော့လဲ (ပ)နံပါတ်မ ရှိရင်
မရဘူးပြောတာကြောင့် အဲဒီနေ့ညနေပိုင်းလောက်မှာ စခန်းကိုထပ်သွားတော့
စစ်ချက်တွေထပ်ယူတယ်။
ကားပျောက်တာ မတ် ၃ဝ ရက်ကနေ နောက်ဆုံးသွားပြောတဲ့ ဧပြီ ၅ ရက် ညနေမှ
(ပ)နံပါတ်ရခဲ့တယ်”ဟု ပြောသည်။ (ပ)နံပါတ်၂၃၅ ဖြစ်ပြီး အမှုကိုင်မှာ ဒုရဲ အုပ်
ထွန်းနိုင်ဇော်ဖြစ်ကြောင်း သူသိခဲ့ရသည် ဟုဆိုသည်။
သူ၏အမှုမှာ ဘာမှထူးခြားမှုမရှိခဲ့ပေ။ အသက် ၃၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့
ကိုမင်းထင် လင်းအောင်တစ်ယောက် နေ့စဉ်နှင့် အမျှ ကား နှင့်ပတ်သက်သည့်
ကွင်းဆက်များကိုသာ အချိန်ပြည့် စဉ်းစားနေမိခဲ့သည်။ ကားပျောက် ပြီး ၁၅
ရက်ကျော် အကြာခန့်တွင် လမ်းစတစ်ခုကို သူရရှိခဲ့သည်။ သူ့ဆိုင်လေးတည်ရှိရာ
သံသုမာလမ်းမကြီး(သုဝဏ္ဏ)တစ်လျောက်ရှိ CCTV မှတ်တမ်းများရှိနိုင်သည့်
နေရာအချို့ကို စဉ်းစားကြည့်သည်။
ကိုယ်တိုင်လည်း လိုက်လံကြည့်ရှုခဲ့သည်။ ထိုအထဲမှ သူတွေ့ရှိသည့် နေရာကား
အိမ်ဆောက်ပစ္စည်း ရောင်းချသည့် ဆို င်တစ်ခုနှင့် ကမ္ဘောဇဘဏ်တို့ကို
သတိထားမိခဲ့သည်။ ထိုနေရာများသို့ သူကိုယ် တိုင် သွားရောက်ကာ ကားပျောက်ဆုံး
သည့် အချိန်နှင့် နေ့ရက်တို့ကို အတိအကျပြော၍ အကူအညီတောင်း ကြည့်ရှုခဲ့သည်။
ဘဏ်တွင်လည်း မန်နေဂျာဖြစ်သူ ကို အကူအညီ တောင်းယူ ကြည့်ရှုခွင့်ရခဲ့သည်။
ထိုအထဲမှ ဘဏ်၏ CCTV မှတ်တမ်းအတွင်း ၎င်းကား နှင့် ဆင်တူသည့် Lite Ace
ကားတစ်စီးကို တွေ့ရှိခဲ့ပြီဖြစ်သည်။
သို့သော် CCTV ဖိုင်မူ ရင်းအား မရရှိခဲ့။ ဖုန်းကင်မရာလေးဖြင့်သာ
ရိုက်ယူခဲ့ရသည်။ ”ကျွန်တော့်ကား အမိုးကိုင်းကို ကောင်း ကောင်းမှတ်မိတယ်။
ဝါတာဘလူးက ပြဲနေ တယ်။ ဒါကြောင့် ကျွန်တော့်ကားလို့ ပြောနိုင်တာ။
မူရင်းဖိုင်တော့ မရခဲ့ဘူး။ ရဲတွေကိုယ်တိုင်ယူမှရမယ် ပြောတယ်”ဟု သူကဆိုသည်။
ထိုမှတစ်ဆင့် CCTV မှတ်တမ်းရှိနေပုံအား သက်ဆိုင်ရာ
အမှုကိုင်ထံသို့ပြောပြခဲ့ပြီး ရဲစခန်း၏ ထောက်ခံချက်ဖြင့်သာ ရရှိမည်ဆို
ခြင်းကြောင့် ရဲထံတွင် အကူအညီတောင်းခံရ ပြန်သည်။ အစွမ်းကုန်
ကြိုးစားမှုများပြုပြီး နောက် လေးရက်ေ ကျာ်ခန့်အကြာတွင် အမှုစစ်ရဲအရာရှိမှ
ရုံးစာတစ်စောင်ထုတ်ပေး၍ တာဝန်ရှိ ရဲအရာရှိတစ်ဦးထည့်ပေးကာ ဘဏ်၏ CCTV
မှတ်တမ်းကို ရယူနိုင်ခဲ့သည်ဟု ဆိုသည်။
ရရှိလာသည့် CCTV မှတ်တမ်းကို သက်ဆိုင်ရာ အမှုစစ်အရာရှိဖြစ်သူထံသို့ စီဒီ
အခွေဖြင့် ကူးယူပေးအပ်ခဲ့သည်ဟု ဆိုသည်။ သူ့ထံတွင် မူရင်းဖိုင်ရရှိထားလေပြီ။
ထို မူရင်းဖိုင်ကို ဖုန်းအတွင်း၌ သိမ်းထားသည်။ ထိုဖိုင်လေးကို အကြိမ်ကြိမ်
ထုတ်ကြည့်သည်။ CCTV ဗွီဒီယိုဖိုင်မှတစ်ဆင့် ဓာတ်ပုံရရှိရန် အတွက်
Screenshot ပြုလုပ်၍ ဖုန်းအတွင်းရှိ ဆော့လ် ဝဲလေးများဖြင့် ပြုပြင်ကာ ကား
မောင်းနှင်သွားသူ၏ ရုပ်လုံးကို အနီးစပ်ဆုံးပုံ ဖော်ကြည့်သည်။
ထိုဖိုင်လေးကို အကြိမ်ရေ မည်မျှပင် ကြည့်မိလိုက်သည်ကို သူမသိတော့ဆိုသည်။
သူ့ထံတွင် ကွန်ပျူတာမရှိ၊ နည်းပညာ အကြောင်း ကျယ်ပြန့်စွာနားမလည်။
သို့သော်ဖုန်းအတွင်းရှိ Photo Editor ဆော့လ်ဝဲဖြင့်
မျိုးစုံပြုပြင်ကြည့်သည်။ သို့ေ သာ် နည်းပညာနိမ့်ပါးလွန်းနေခြင်းကြောင့်
လိုက်မမီခဲ့ပေ။ ထို့အတွက်ကြောင့် နည်းပညာမြင့်မားသည့် ရဲတပ်ဖွဲ့၏ အကူ
အညီရယူရမည်ဟု သူတွေးမိသည်။ ထို့ကြောင့် စီဒီအခွေပေးခဲ့သည့်
အမှုစစ်ရဲအရာရှိကို ဆက်သွယ်ခဲ့သည်။
” CCTV ဖိုင်ကဝါးနေတယ်။ ဘာမှလုပ်မရဘူးဆိုပြီးပြောတယ်။ သူတို့လဲ
ကြိုးစားပြီး လိုက်နေတယ်ပဲ ပြောတယ်”ဟု တုံ့ ပြန်ခံရ သည်ဟု ဆိုသည်။ သူသည်
အမှုနှင့်ပတ်သက်၍ ရဲစခန်းသို့ အကြိမ်ရေတော်တော်များများပင် ရောက်ရှိခဲ့သည်
ဟုဆိုသည်။ သို့သော် အမှုနှင့်ပတ်သက်သည့် သတင်းထူး မကြားခဲ့ရချေ။ ထို့
ကြောင့် သူသံသယဖြစ်သည့် လူအချို့သ တင်းကို သူကိုယ်တိုင် နားစွင့်ခဲ့သည်။
နားစွင့်ရုံတင်မက သူသံသယရှိသည့် တရားခံများရှိ ရာ မြန်မာပြည်အထက်ပိုင်း
ဒေသများသို့ ကိုယ်တိုင်သွားရော က်စုံစ မ်းခဲ့သည်။ သူသည် ရဲဝန်ထမ်းတစ်ဦး
မဟုတ်သည့်အတွက် စုံစမ်း ထောက်လှမ်းခြင်းနှင့် ဥပဒေ၏ သဘောသ ဘာဝများ ကို
နည်းမလည်ခဲ့ပေ။
သူခရီးထွက်၍ ရရှိခဲ့သည့် သတင်းအချက်အလက်များကို အမှုစစ်ရဲအရာရှိထံသို့
တင်ပြကြည့်သည်။ ”အဲဒါတွေက သက်သေမခိုင်လုံဘူးလို့ ပဲပြောတယ်။ သူတို့လဲ
စုံစမ်းနေပါတယ်ပြော တယ်”ဟု သူတွေ့ကြုံခဲ့ရသည်ကို ပြောပြသည်။
အချိန်ကာလသည် တဖြည်းဖြည်း ကြာ မြင့်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့်
မိတ်ဆွေ အချို့က လက်လျှော့လိုက်ရန်ပြော သည်။ သူ့ ကားလေးကို
တစ်စစီဖြစ်နေပြီဟုဆိုသူကလည်း ရှိသေးသည်။ သို့သော် သူကတော့ လက်မ လျှော့။ သူ့
ကားလေး ပြန်လည်ရရှိမည်ဟုသာ ယုံကြည်ထားသည်။ ထို့ကြောင့် ကိုမင်းထင်
လင်းအောင်တစ်ယောက် ဗေဒင်၊ ယ တြာနှင့် ရိုးရာဓလေ့များအပြင်
ဘာသာရေးအကူအညီများ ယူခဲ့ပြန်သည်။
သူမေးခဲ့သည့် ဗေဒင် ဆရာများအများစုသည် သူ့ကားလေး ပြန်တွေ့ မည်ဟုသာ
ပြောဆိုခဲ့ကြသည်။ ထို့အတွက် ကြောင့် သူအားတက်ခဲ့ရပြန်သည်။ ကား
ပျောက်သွားသည့် နေရာလေးတွင် ယတြာ ဖယောင်းတိုင်လေးကို ည ၉ နာရီအချိန်တိုင်း
နေ့စဉ်ထွန်းညှိခဲ့သည်။ သူကိုယ်တိုင်လည်း ပဋ္ဌာန်းတော်ကြီးကို ယုံကြည်စွာ
နေ့စဉ်ရွတ်ဆိုခဲ့သည်ဟုဆိုသည်။
”နောက်ဆုံး ပြန်မတွေ့ရင်တောင် ကိုယ့် အတွက် အတွေ့အကြုံသစ်တွေနဲ့၊
ပေါင်းသင်း ဆက်ဆံရေးတွေ၊ မိတ်ဆွေစစ်၊ မိတ်ဆွေတု တွေကို ရရှိခဲ့တာကြောင့်
ဝမ်းသာမိတယ်။ ရဲ စခန်းတော့ ကြားထဲမှာရောက်ဖြစ်ခဲ့တယ်။ သူတို့ကတော့
လိုက်နေတယ်။ မထူးသေးဘူး ချည်းပြောတယ်”ဟု ကိုမင်းထင်လင်းအောင် တစ်ယောက်
ဆိုသည်။
တိတိကျကျဆိုရလျှင် ကားပျောက်ဆုံး ပြီး ရက်ပေါင်း ၁၄ဝ ရက်မြောက် သြဂုတ် ၈
ရက် နံနက်ခင်းအချိန်တွင် မော်လမြိုင် ဘက်မှ မိတ်ဆွေတစ်ဦးမှ
ဖုန်းဆက်အကြောင်း ကြားလာသည်။ Without ကားအရောင်းအ ဝယ်လုပ်သည့် ဖေ့စ်ဘွတ်ခ်
Page တစ်ခုတွင် သူ့ကားနှင့်ဆင်တူသည့် ကားတစ်စီးအား သိန်း ၃ဝ ခန့်ဖြင့်
ရောင်းချရန် ကြေညာထားကြောင်း တွေ့သ ည်ဟုဆိုသည်။
သူသည် ထို Page ထဲ သို့ ဝင်ကြည့်သည်။ ဓာတ်ပုံ လေးငါးပုံခန့် တင်
ထားသည်ကို တွေ့ရသည်။ ကားကိုမြင်မြင် ခြင်း သူ၏ကားလေးဖြစ်မှန်း သူသိလိုက်သည်
ဟုဆိုသည်။ ”တစ်စီးလုံး ဆေးတွေပြန်မှုတ်ထားတယ်။ ဒါပေမဲ့ နံပါတ်ပြားအော
က်ကရှဲက ကွေးနေ တဲ့အချက်ရယ်။ ကားစီယာတိုင်မှာတပ်ထားတဲ့ ဂွေကိုင်းအစွပ်ရယ်။
ခြေနင်းရော်ဘာပြား ရယ်၊ ကူရှင် ရယ်ကြည့်လိုက်တာနဲ့ ကျွန်တော့် ကားမှန်း
သိလိုက်တယ်။ ဒါတွေက ကျွန်တော် ကိုယ်တိုင် လဲထားတဲ့ဟာတွေလေ ”ဟု ဆိုသည်။
ထို့ကြောင့် သက်ဆိုင်ရာရဲစခန်းသို့ သွား ရောက်ပြီး
ထိုအကြောင်းကိုပြောပြသည်။ ကားကို သွားရောက်ကြည့်ရှုရန် ချိန်း
ဆိုပြီးဖြစ်သည်။ ရဲတပ်ဖွဲ့အား လိုက်ပါကြည့်ရှုပေးရန်
အကူအညီတောင်းခံခဲ့သော်လည်း ကားကြည့်သည့်နေရာသို့ မခေါ် သွားဖြစ်ခဲ့ကြောင်း
ပြောသည်။
ကားအား မင်္ဂလာဒုံမြို့နယ်ဘက်တွင် သွားရောက် ကြည့်ရှုခဲ့ရသည်။ သူသေချာစိစစ်
ကြည့်သည်။ သူ့အမှတ်အသားများ ကြည့် သည်။ ကား၏နေကာမှန်ကြားတွင် ထားရှိ
ထားသည့် ဘုရားပုံတော်များနှင့် ညအိပ်ခွန် ပါစာရွက်များ ပုံမပျက်ရှိေ
နသေးသည်။ ထို့ ကြောင့် တစ်ဖက်လှည့်ဖြင့် ဝယ်ယူမည်ဟုဆိုကာ သူ့ဆိုင်လေးရှိရာ
သုဝဏ္ဏဘက်သို့ အပါ ခေါ်ခဲ့သည်။ မိသားစုနှင့်အတူ ရဲများကိုအ
ကြောင်းကြားခဲ့သည်။
ဆိုင်သို့ရောက်လျှင် သူသီးသန့်ခေါ်ထား သည့် ကညနမှ သူငယ်ချင်းတစ်ဦးမှ
ကား၏ ချက်စီ(အင်ဂျင်)နံပါတ်များကို တိုက်ဆိုင်စစ် ဆေးပေးသည်။ ရဲများက
ဆိုင်အတွင်းအရပ် ဝတ်ဖြင့် စောင့်ဆိုင်းပေးနေသည်။ ကားသည် သူ၏ကား သေချာပြီဟု
အတည်ပြုပေးလိုက် ချိန်တွင် ရဲများမှ စတင်အလုပ်လုပ်ပြီဖြစ်သည်။
ထိုကားပိုင်ရှင်ဆိုသူအား ဖမ်း၍ စခန်းခေါ် ဆောင်သွားသည်။ ထို့နောက်
ရဲတပ်ဖွဲ့မှ ကား၏ ကွင်းဆက်တရားခံများကို ခရီးရှည်ဆန့် ၍
လိုက်လံဖမ်းဆီးပေးသည်။ ၂ ရက်အတွင်း ကွင်းဆက်တရားခံလေးဦးကို အလွယ်တကူ ပင်
ဖမ်းဆီးနိုင်ခဲ့ သည်။
”နောက်ဆုံး ကွင်းဆက်မိထားတဲ့ ခိုးတဲ့ ကောင်လေးတွေက ငယ်ငယ်လေးတွေ။
တကယ်မဟုတ်ခဲ့ရင် သူတို့ရဲ့ဘဝတွေ နစ်နာနိုင်တယ်။ နောက်ကွယ်က
ကြိုးကိုင်ခိုင်းစေတဲ့လူ တွေ ရှိတယ်ဆိုရင်တော့ မှန်မှန်ကန်ကန်
ဖော်ထုတ်ပေးစေချင် တယ်။
ပိုက်ဆံချမ်းသာတဲ့ လူတွေအတွက် ဒီလိုဖြစ်စဉ်ဟာ ဘာမှမသိ သာပေမယ့်
ကျွန်တော်တို့လို သာမန်လူတွေ အတွက်ေ တာ့ သက်ဆိုင်ရာက ထိထိရောက် ရောက်လေး
လုပ်ပေးစေချင်ခဲ့တယ်။ တချို့ ဖြစ်စဉ်တွေက ထိခိုက်မှုတွေရှိနိုင်လို့ မပြော
ချင်တော့ဘူး။ အတွေ့အကြုံတွေ တော်တော်ရခဲ့တယ်”ဟု သူ၏ဆန္ဒကို ပြောပြသည်။
ကာယကံရှင်မှ ကို ယ် တိုင်ဖော်ထုတ်ခဲ့ သည့် မှုခင်းဖြစ်စဉ်များတွင်
နေပြည်တော်နယ် မြေအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်က အထင်အ
ရှားပင်ဖြစ်သည်။
သမီးဖြစ်သူအား တိုက်သွားသည့် မော်တော်ယာဉ်ကို ဖခင်က
ကိုယ်တိုင်စုံစမ်းဖော်ထုတ်ကာ ရဲလက်အပ်ခဲ့ ခြင်း ဖြစ်သ ည်။ ယခုတွင်လည်း
ကိုမင်းထင် လင်းအောင်တစ်ယောက် သူ၏ကြိုးစားဆောင် ရွက်မှုကြောင့် သူ၏ကားလေးကို
ကိုယ် တိုင် စုံစမ်းခြေရာခံနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများ ကို
ရဲလက်သို့ အပ်နိုင်ခဲ့ပြီဖြစ်သည်။
”ကျွန်တော်ကတော့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ဒီအပေါ်မှာ ကျွန်တော်
အထင်အမြင်လွဲမှားခဲ့သူ အချို့ကိုလဲ အနူးအညွတ်တောင်းပန်ချင်သလို
ကျွန်တော်ဒီအမှု ကိုလဲတရားဥပဒေအရပဲ ဆက်လက်ရင်ဆိုင်သွားပါမယ်”ဟုဆိုသည်။
ယခုအချိန်တွင် ကိုမင်းထင်လင်းအောင်တစ်ယောက် သူ၏ ကားပျောက်ဆုံးမှုအတွက်
တရားရုံးတွင် ဥပဒေအရ ရင်ဆိုင်ရ န် အသင့်အနေအထားဖြင့်
စောင့်ဆိုင်းလျက်ရှိနေပေသည်။
မင်းဗညား
#theyangontimes-http://www.yangonmedia.com/life/item/13531-ရက်ပေါင်း-၁၄ဝ-ကြာ-ကိုယ်တိုင်-စုံစမ်းဖော်ထုတ်ခဲ့ရသည့်-ကားပျောက်-ရှာပုံတော်
Credit: Yangon Media
http://www.sunthit.com/news/local-news/ရက်ပေါင်း-၁၄ဝ-ကြာ-ကိုယ်တ/ မှ ကူးယူ