Delete လုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေ ပြန်လည်ရယူနည်း
ယခင်ပို့စ်တွေ ကြည့်ရှုဖို့ timeline ရှိလာတဲ့အခါ ဒီနည်းလမ်းက ဘာများ ထူးခြားနေလို့လဲဆိုပြီး တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် သင့်အကောင့်ဖွင့်လိုက်တဲ့နေ့ကစ တင်ထားတဲ့ status update နဲ့ post တွေအားလုံးက သင့်မျက်စိတောင် မယုံနိုင်ဖြစ်စေမယ့်အရာမျိုး ရှိလာနိုင်တာဆိုတာ ယုံနိုင်ပါ့မလား။ သင့်အချစ်ရေး စတေးတပ်စ် ဘယ်လိုပြောင်းသွားလဲ၊ သင့်သွားရောက်လည်ပတ်ခဲ့ရာ နေရာဒေသအားလုံး၊ သင့်မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတို့နဲ့အတူ ကြည့်ရှုခဲ့ကြတဲ့ ရုပ်ရှပ်ကားတွေ အားလုံး မြင်တွေ့ရတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ သင့် update မှန်သမျှ ပြန်လည်ကြည့်ရှုလိုတယ်ဆိုရင် ရိုးရှင်းပြီး အသုံးဝင်တဲ့ ဒီနည်းလမ်းကတဆင့် သွားပြီး သင့်အမှတ်တရနေ့စွဲတွေ ပြန်လည်ခံစားနိုင်ပါတယ်။
၁။ Settings သို့သွားပါ။
၂။ Download a copy of your Facebook data လေးကို နှိပ်။
၃။ Start My Archive ကို နှိပ်။
၎။ အတည်ပြုချက်ပြုလုပ်ဖို့အတွက် password လေးပြန်လည် ရိုက်ထည့်ပေးရပါမယ်။
၅။ Start My Archive ကို ပြန်နှိပ်ပါ။
၆။ အခုချိန်မှာ လုပ်ရမှာက အီးမေးလ် မရမချင်းစောင့်ရမှာ ဖြစ်ပါတယ်။
အီးမေးလ် လက်ခံရရှိပြီးတာနဲ့ သင့်အကောင့် history တစ်ခုလုံး ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါပြီ။
Ref: alltechbuzz
http://www.trend.com.mm/2016/06/08/lifestyle-9716 မှ ကူးယူထားပါသည်။
No comments:
Post a Comment