Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, 2 May 2016

ကလေးငယ်လေး တစ်ဦးဟာ အမိဝမ်းက ကျွတ်ကတည်းက စကားပြောနိုင်တဲ့ စွမ်းရည်ပါလာခဲ့ပါ
တယ်။

လူ့လောကဆီ ရောက်လာပြီး ပထမဆုံးပြောလိုက်တဲ့ စကားက မိခင်ဖြစ်သူကို "ကျွန်တော်ရဲ့
အမေလားဟင်"တဲ့။

မိခင်ဖြစ်သူက "ဟုတ်ပါတယ်.. သားရယ်။ သားရဲ့ အမေပါ"လို့ ပြန်ဖြေလိုက်တာကြောင့် မွေးခါစ
ကလေးငယ်လေးက- "သားကို မမွေးခင်မှာ ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးခဲ့တာတွေအတွက်
ကျေးဇူးတင်ပါတယ်"လို့ ထပ်ပြောလိုက်ပါတယ်။

ပြီးတဲ့အခါ အခန်းထဲလှည့်ကြည့်လိုက်ပြီး ဆရာဝန်ကို "ကျွန်တော့်ကို မွေးပေးတဲ့သူလားခင်ဗျာ"လို့
မေးလိုက်ပါတယ်။

"ဟုတ်ပါတယ်"လို့ ဆရာဝန်က ပြောလိုက်တဲ့အခါ "ကျွန်တော့်ကို မီးဖွားပေးချိန်မှာ ဂရုတစိုက်နဲ့
စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"လို့ ကလေးငယ်လေးက ပြောလိုက်ပါ
တယ်။

အဲဒီနောက် အခန်းထဲမှာ ရပ်နေတဲ့ အမျိုးသားတစ်ဦးကို "ခင်ဗျားက ကျွန်တော့် အဖေလား"လို့
မေးလိုက်ပြန်ပါတယ်။

ဖခင်ဖြစ်သူက ဂုဏ်ယူတဲ့ လေသံအပြည့်နဲ့ "ဟုတ်တယ်.. ငါ့သား၊ ငါက မင်းရဲ့ အဖေပဲ"လို့
ပြန်ပြောလိုက်တဲ့အခါ
ကလေးငယ်လေးက "ဒီနားကို ခဏလာခဲ့ပါဦး။ ကိုယ်ကို ကိုင်းလိုက်"လို့ ပြောလိုက်ပါတယ်။
ဖခင်ဖြစ်သူက သားအလိုကျ လုပ်ပေးလိုက်တဲ့အခါ ကလေးပိစိလေးက ဖခင်ဖြစ်သူနဖူးကို
လက်ညှိုးနဲ့ ထိုးလိုက်ပြီး ပြောလိုက်တာက "ဘယ်လို ခံစားရလဲ။ နာတယ် မဟုတ်လား" တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit : myanmar.mmtimes

No comments:

Post a Comment