အာဏာရှင်ဟောင်း တဦးရဲ့ နိဂုံး သံဝေဂ
By ဟန်ပိုင် 5 December 2017
မကြာသေးခင်က တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲတခုမှာ ချဒ်
(Chad) နိုင်ငံက အာဏာရှင်ဟောင်း ဟစ်ဆန်းဟာဘရီ (Hissene Habre) လက်ထက်က အကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ဟာဘရီကို ခုံရုံးတင်တရားစွဲပြီး တရားမျှတမှု ရအောင်
ဆောင်ကျဉ်းနိုင်ခဲ့ကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အတွေ့အကြုံ တင်ပြချက်တွေကို နားထောင်ခဲ့ရပါတယ်။
ဆွေးနွေးပွဲမှာ ကိုယ်တိုင်ခံစားခဲ့ရသူတွေ၊ ကြိုးပမ်းခဲ့ရသူတွေရဲ့ ပြောဆိုချက်တွေနဲ့ အတူ
ဟာဘရီ
အာဏာရလာတာကနေ၊ နိုင်ငံကြီးတွေရဲ့ စွက်ဖက်မှုတွေ၊ နိုင်ငံရေး ကစားပွဲတွေကလည်း စိတ်ဝင်စားစရာကောင်းသလို၊ သံဝေဂရစရာလည်း ကောင်းပါ တယ်။
ဟာဘရီဟာ ၁၉၇၅
ခုနှစ်မှာ ပြင်သစ်လူကုံထံကျောင်းမှာ တက်ရောက် ပညာသင်ကြားနေတဲ့ နိုင်ငံရေး သိပ္ဗံကျောင်းသားတဦး ဖြစ်ပြီး ချဒ်အစိုးရကို ပုန်ကန်တဲ့ သူပုန်ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ ကတ်စရိုရဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးလို
ကျူးဘားကက်ပ် ဦးထုတ်ဆောင်း၊ ရေဘင်မျက်မှန်တပ်ပြီး၊ ယူနီဖောင်းကို အံကိုက် ဝတ်ဆင်တတ်တဲ့ အတွက်
ဟာဘရီဟာ အများအမြင်မှာ စစ်ဘုရင်တပါး အသွင်
ရောက်နေပါတယ်။
သူပုန်ဘဝမှာ သူဟာ
နိုင်ငံတကာရဲ့ အာရုံပြုမှုကိုရဖို့ အတွက်
နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲခဲ့ပါတယ်။ ၁၉၈၂
ခုနှစ်မှာ နိုင်ငံကို သိမ်းပိုုက်ပြီး အာဏာရလာတဲ့နောက် ပြင်သစ်နဲ့ အမေရိကန်က သူ့ကို
လစ်ဗျား သမ္မတ
ကဒါဖီ
(Muammar Al-Gaddafi) ရဲ့
ဒေသတွင်း သြဇာ
အာဏာဖြန့်ကျက်မှုကို တားဆီးနိုင်သူ အဖြစ်
ထောက်ခံပံ့ပိုးခဲ့ပါတယ်။ ဒီအချက်က သူ့ကို
ရည်မှန်းချက် ကြီးမားတဲ့ ချဒ်ခေါင်းဆောင်အဖြစ် ထင်ရှားတဲ့ အချိုးအကွေ့ကို ဖြစ်ပေါ်စေခဲ့တယ်။
ချဒ်နိုင်ငံဟာ မြောက်ပိုင်းမှာ လစ်ဗျား၊ အရှေ့ဘက်မှာ ဆူဒန်နဲ့ အနောက်ဖက်မှာ နိုင်ဂျာနဲ့ နိုင်ဂျီးရီးယား၊ တောင်ပိုင်းမှာ ဗဟို
အာဖရိကသမ္မတ နိုင်ငံတို့နဲ့ ထိစပ်နေပြီး ပထဝီအနေအထား၊ ပထဝီနိုင်ငံရေး အရ
အရေးပါတဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် လစ်ဗျားရဲ့ ဒေသတွင်း သြဇာအာဏာဖြန့်ကျက်မှု၊ အနောက်အုပ်စုရဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်လာမှုနဲ့၊ ကမ္ဘာတလွှား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်း ထောက်ပံ့ပေးနေမှုတို့ကြောင့် ဟာဘရီကို အနောက်ကမ္ဘာက ပိုမို
အကူအညီပေးခဲ့ပါတယ်။
ဟာဘရီ အာဏာရလာပြီးတဲ့နောက် နိုင်ငံတောင်ပိုင်း ကိုဒတ်စ် (Codas) မြို့မှာ ရှိတဲ့
သူပုန်တွေကို သုတ်သင်တဲ့ အနေနဲ့
ပထမဆုံး အရပ်သားတွေ အပေါ်
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်။ ဒီဖြစ်ရပ်ကို ၁၉၈၄
ခုနှစ်
အမဲရောင် စက်တင်ဘာလို့ လူသိများပြီး နှစ်ပေါင်း ၃၀
ကျော်သည့်တိုင် ဟာဘရီအစိုးရလက်ထက် အရပ်သားတွေ အပေါ်
ကျူးလွန်တဲ့ အကြမ်းဖက်မှုကို ချဒ်ပြည်သူတွေက မမေ့နိုင်အောင်ပဲ ရှိနေခဲ့ကြပါတယ်။
ဟစ်ဆန်းဟာဘရီကြောင့် သေဆုံးသွားရသူများ၏ ဇနီးမယားများ ၂၀၀၅
ခုနှစ်က ဆန္ဒထုတ်ဖော်ပြကြစဉ်
Human Rights WatchHuman
Rights Watch
ဟာဘရီက တောင်ပိုုင်းမှာ သူ့ရန်သူတွေကို မောင်းထုတ်နေချိန်မှာ၊ နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့
လစ်ဗျား ခေါင်းဆောင် ကဒါဖီက
ပြင်သစ်သမ္မတ ဖရန်ဆွာမီးတရောင်း (Francois Mitterrand) နဲ့ သဘောတူထားချက်တွေ ချိုးဖောက်ပြီး ချဒ်နိုင်ငံရဲ့ မြို့တော်ထိ ချီတက်
လာပါတယ်။ မီးတရောင်းက ကဒါဖီရဲ့ တပ်တွေ
ချဒ်ကနေ ဆုတ်ခွာသွားဖို့ နားချနိုင်ခဲ့ပြီး ချဒ်နိုင်ငံနဲ့ ဟာဘရီကို ထောက်ခံကူညီမယ် လို့လည်း ကြေညာခဲ့ပါတယ်။ နောက်ဆုံးမှာ ဟာဘရီဟာ သူလိုချင်တဲ့ ပြင်သစ်တပ်တွေရဲ့ ကူညီပံ့ပိုးမှုကို ရခဲ့ပါတယ်။
အင်အားကြီး နိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရေးအတွက် ဒေသတွင်းမှာ သူ့နိုင်ငံဟာ မဟာဗျူဟာကျတဲ့ နိုင်ငံဖြစ်တဲ့ အတွက်
ဟာဘရီဟာ မဟာဗျူဟာကျကျ အကွက်ရွှေ့သူ အဖြစ်
အာဏာအရှိဆုံး ဖြစ်လာပါတယ်။ သူဟာ
ဝါရှင်တန်မှာ သမ္မတ
ရော်နယ်ရေဂင် (Ronald Regan) နဲ့ တွေ့ဆုံလိုက်။ ပါရီမှာ ပြင်သစ်သမ္မတ ဖရန်ဆွာမီးတရောင်းနဲ့ ဆွေးနွေးလိုက်နဲ့ လွန်းပျံခရီးတွေ ထွက်ပြီး နိုင်ငံကြီးတွေရဲ့ ထောက်ခံ၊ ပံ့ပိုးမှုတွေရအောင် ချဉ်းကပ်ခဲ့ပါတယ်။
ဟာဘရီ သူ့နိုင်ငံတွင်းမှာ ဘာတွေကျူးလွန်၊ ကျူးလွန် အမေရိကန်နဲ့ ပြင်သစ်ရဲ့ အကျိုးစီးပွား အတွက်
သူ့ကို
ထောက်ခံပံ့ပိုးပေး ထားကြပါတယ်။ ဒါနဲ့
ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဖရိကရေးရာ တာဝန်ရှိသူ (၁၉၈၉-၁၉၉၃) ဟန့်ချိုအန် (Hank Choen) က တွေ့ဆုံမေးမြန်းမှုတခုမှာ “ချဒ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တာ
သိတယ်။
ဒါပေမယ့် ကျနော်တို့ အဓိက
အာရုံစိုက်ခဲ့တာက လစ်ဗျားပဲ။ ဒါဟာ
တကယ့်
နိုင်ငံရေးပါ”လို့
ဝန်ခံခဲ့ပါတယ်။
ပြင်သစ်သမ္မတ မီးတရောင်းရဲ့ အထူးသံ
ရော်နယ်ဒူးမား (Ronald Duma) ကလည်း “နိုင်ငံတကာ နိုင်ငံရေး ကလည်း
မကြာခဏ
ဆိုသလို ဒီလိုဖြစ်တတ်ပါတယ်။ သူတို့ဟာ (ဟာဘရီ)
ဒီမိုကရက်အစိုးရ မဟုတ်ဘူး ဆိုတာ
သိတယ်”
လို့
ပြောဆိုခဲ့ပါတယ်။
တခါ ၁၉၈၀
ခုနှစ်
နှောင်းပိုင်း ကာလတွေ
အထိ
ပြင်သစ်နဲ့ သဘောတူထားတဲ့ အတိုင်း ကဒါဖီရဲ့ တပ်တွေက ချဒ်နိုင်ငံထဲက မဆုတ်ခွာသေးတဲ့ အတွက်
ပြင်သစ်နဲ့ ဆက်ဆံရေး တင်းမာလာပြီးတဲ့ နောက်
အမေရိကန်၊ ပြင်သစ် ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပူးပေါင်း ကူညီမှုနဲ့ ဟာဘရီတပ်တွေဟာ ကဒါဖီတပ်တွေကို ချဒ်နိုင်ငံထဲကနေ ၁၉၈၇
ခုနှစ်မှာ မောင်းထုတ်နိုင်ခဲ့ပါတယ်။
ဟာဘရီ အာဏာရလာပြီး ၇
နှစ်အကြာ၊ ချဒ်နိုင်ငံရဲ့ ယခင်
အကြီးအကဲဟောင်း အိုင်ဒရစ်ဒဲဘီ (Idriss Deby) က ၁၉၈၉
ခုနှစ်မှာ သူ့ကို
ပြန်လည် ပုန်ကန်တဲ့ အချိန်ကစပြီး “ပြည်တွင်း ရန်သူ”
အဖြစ်
ဒဲဘီနဲ့ မျိုးနွယ်စုတူတဲ့ ဇာဂဝါ
(Zaghawa) တိုင်းရင်းသားတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်ခဲ့ပါတယ်။
ချဒ်နိုင်ငံရဲ့ မြို့တော် အန်ဒီဂျမီးနား (N’Djamena) မှာ ရေကူးကန်ဟောင်းကို ပြုပြင်ဆောင်လုပ်ထားတဲ့ အကျဉ်းစခန်းတခုကို ဆောက်လုပ်ပြီး သူပစ်မှတ်ထားတဲ့ သူတွေ၊
နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး တိုင်းပြည်ဟာလည်း ကြောက်လန့်တုန်လှုပ်ဖွယ် ကာလထဲ
ထိုးစိုက်ကျသွားပါတော့တယ်။
အဲဒီကာမှာပဲ ဟာဘရီရဲ့ မဟာမိတ် အမေရိကန်ရဲ့ ပန်အမ်
(Pan Am) လေယဉ်တစီး ဖောက်ခွဲခံရပြီး၊ ဆာဟာရ
သဲကန္တာရ အလယ်မှာလည်း ပြင်သစ်ရဲ့ UTA လေယဉ်
ဖောက်ခွဲခံရပါတယ်။ တိုက်ခိုက်မှု နှစ်ခုလုံးရဲ့ လက်သည်ဟာ ကဒါဖီဖြစ်တယ် လို့
ဆုံးဖြတ်ပြီး အမေရိကန်ဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီကို သင်ခန်းစာပေးဖို့ ဆောင်ရွက်ပါတယ်။ ဟာဘရီကလည်း သူ့နိုင်ငံကို အမေရိကန်ကို အသုံးပြုခွင့် ပေးတဲ့အပြင် အကျဉ်းသားတွေကို ကဒါဖီကို တိုက်ဖို့ လေ့ကျင့်ပြီး ကူညီခဲ့ပါတယ်။
ပြင်သစ်ကတော့ ဒီတကြိမ်မှာ ခပ်ဝေးဝေးကနေပြီး ဟာဘရီနေရာမှာ အစားထိုးဖို့ ဆူဒန်မှာ ခိုလှုံနေတဲ့ အိုင်ဒရစ်ဒဲဘီကို ရွေးချယ်လျာထား ခဲ့ပါတယ်။ ဒဲဘီရဲ့ တပ်တွေ
ချဒ်နိုင်ငံမြို့တော်ဆီ ချီတက်လာရာမှာ တော့
ပြင်သစ်တပ်တွေက တားဆီးခြင်း မလုပ်ခဲ့ပါဘူး။ အဆုံးမှာ ဟာဘရီဟာ ဒေါ်လာ
၁၁
သန်းနဲ့ အတူ
ဆီနီဂေါကို ထွက်ပြေးပြီး နိုင်ငံတကာက သူ့ကို
ဖမ်းဆီးဖို့ ထုတ်ပြန်ခဲ့တာတောင်၂၃ နှစ်ကြာ လွတ်မြောက် နေခဲ့သူ ဖြစ်ပါတယ်။
ဒဲဘီက အဘကာ
(Mahamat Hassan Abakar) ကို
ဟာဘရီလက်ထက်က ကျူးလွန်ခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ကော်မရှင်က ဟာဘရီလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို တွေ့ဆုံမေးမြန်း မှတ်တမ်းယူတာ၊ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေ တူးဖော်ကာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဟာဘရီ ထွက်ပြေးပြီးတဲ့ နောက်
ဆွေမျိုးသားချင်းတွေက အကျဉ်းစခန်းတွေမှာ သူတို့
ချစ်ခင်ရသူတွေကို ရှာဖွေခဲ့ပေမယ့် လမ်းမလျှောက်နိုင် တော့တဲ့ အသက်ရှင်ကျန်ရစ်သူတွေက လွဲလို့ မတွေ့ကြတော့ပါဘူး။
ပြည်ပက လူ့အခွင့်အရေး ရှေ့နေ
ရိဒ်ဘရိုဒီ (Reed Brody) ကလည်း မှတ်တမ်းမှတ်ရာတွေ ရှာဖွေစုဆောင်းရာမှာ ဟာဘရီလက်ထက်က လူတွေကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ဖို့ ဖွဲ့စည်းခဲ့တဲ့ DDS (Directorate of Documentation and Security) ရုံးမှာ ဒီအတိုင်း ပစ်ထားတဲ့ အမှုတွဲတွေ၊ စာရွက်စာတန်းတွေကို
တွေ့ရှိခဲ့ပါတယ်။ စာရွက်စာတန်းတွေကို နစ်နာသူတွေအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းက ၆
လကြာအောင် သေတ္တာတွေထဲထည့် သိမ်းဆည်းပြီးနောက် အချက်အလက်ဘဏ် (Data Base) ထဲကို ထည့်သွင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
စာရွက်စာတန်းတွေ အရ
၈
နှစ်ကြာ ဟာဘရီ
အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း လူ
၄၀၀၀၀
ကျော်
အသတ်ခံရပြီး နောက်ထပ်လူ ၂
သိန်းလောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ မှတ်တမ်းတင်နိုင်တဲ့ အတွက်
အမှိုက်ပုံလို ဖြစ်နေတဲ့ မှတ်တမ်းတွေဟာ အမှုတည်ဆောက်ဖို့ အချက်အလက် ခိုင်မာတဲ့ သက်သေပြစရာ ရွှေပုံကြီး ဖြစ်လာပါတယ်။
ဟာဘရီကို စစ်ဆေးတဲ့ ခုံရုံးမှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူတို့
ထိခိုက်ခံစားခဲ့ရတာ တွေကို
စိတ်ထိခိုက် ကြွေကွဲစွာနဲ့ ငိုယို
တင်ပြကြပါတယ်။ ဒီအထဲမှာ ဟာဘရီ
လက်ထက်က လူတွေကို ဖမ်းဆီးနှိပ်စက် စစ်ကြောဖို့ ဖွဲ့ထားတဲ့ DDS က
အရာရှိဖြစ်သူ ဘန်ဂျင်ဘန်ဂျွန် (Bandjim Bandjoum) ကလည်း “လူတွေကို ဖမ်းပြီးတာနဲ့ တခါတည်း စစ်ကြောရေး ဝင်တယ်။ စစ်ကြောတဲ့ နေရာမှာ ညှဉ်းပန်းနှိပ်စက်တဲ့ အတွက်
လူတွေ
ငိုယိုညည်းတွားကြ မခံမရပ်နိုင်အောင် ဖြစ်ကြတယ်။ လူ
မဆန်ဘူး။ ကျနော်
လူတွေဖမ်းတာ၊ စစ်ဆေးတာလုပ်ပေမယ့် မနှိပ်စက်ဘူး၊ တခြားလူတွေ နှိပ်စက်တာ တွေ့တယ်” လို့
သူ့ကိုယ်သူ ကာကွယ်
ထွက်ဆိုသွားပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူက
“ကျနော့် လုပ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူ တွေကို
ခွင့်လွှတ်ဖို့ တောင်းဆိုပါတယ်။ ဒီခွင့်လွှတ်မှုက မလုံလောက်ဘူး ဆိုတာ
သိပါတယ်။ ဒါပေမယ့် လူသိရှင်ကြား ကျနော်
တောင်းဆိုချင်တာ ကတော့
ကျနော့်ကို ခွင့်လွှတ်ပေးကြပါလို့” ပြောဆိုသွားပါတယ်။
အာဏာရှင်တို့ ထုံးစံ
အာဏာရှိစဉ်မှာ မောက်မာ ထောင်လွှား ရက်စက်ခဲ့ ပေမယ့်
အသက်
၇၄
နှစ်
ရှိပြီ
ဖြစ်တဲ့ ဟာဘရီ
တယောက်
၈
လကြာ
ခုံရုံးတင် ကြားနာပွဲမှာ တစုံတရာပြောဆိုခြင်း မရှိဘဲ
ဆိတ်ငြိမ်နေပြီး သူ့လက်ထက်မှာ နှိပ်စက်ခံခဲ့ရတဲ့ ရာနဲ့
ချီပြီး လာရောက် ထွက်ဆိုသူတွေကိုလည်း စေ့စေ့
မကြည့်ဝံ့တော့ပါဘူး။
၂၀၁၆ ခုနှစ်
မေလ
၃၀
ရက်နေ့မှာ၊ အာဖရိက
အထူးခုံရုံးက ချဒ်သမ္မတဟောင်း ဟာဘရီကို လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ပြစ်မှု (Crimes Against Humanity) နဲ့ ထောင်ဒဏ်တသက် စီရင်ချက်ချခဲ့တဲ့ အတွက်
လူ့အခွင့်အရေး ရှေ့နေအုပ်စုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ ကိုယ်တိုင် ၁၇
နှစ်ကြာ တရားမျှတရေး တိုက်ပွဲရဲ့ နိဂုံးရလဒ် အနေနဲ့ရော၊ ရာဇဝတ်မှု ချိုးဖောက်ပေမယ့် အပြစ်ပေး အရေးယူခြင်း ကနေ
၂၃
နှစ်ကြာ ကင်းလွတ်နေမှုကိုပါ အဆုံးသတ်စေခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ အာဖရိကရဲ့ တရားမျှတမှု အလှည့်အပြောင်း ဖြစ်ပြီး ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ အာဖရိက
ခေါင်းဆောင် တယောက်ကို အရင်က
မလုပ်ဖူးခဲ့တဲ့ ဒေသတွင်းက အာဖရိက
တရားခုံရုံးမှာ သမိုုင်းဝင် ပထမဆုံးအကြိမ် တရားစီရင်ချက် ချနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)
https://burma.irrawaddy.com/article/2017/12/05/147271.html မွ ကူးယူထားပါသည္။