Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, 2 May 2016

လင်မယားစုံတွဲ တစ်တွဲဟာ ပြဿနာတစ်စုံတစ်ရာကြောင့် တစ်ယောက်နဲ့ တစ်ယောက်
စကားမပြောဘဲ နေကြပါတယ်။

တစ်ပတ်ကြာတဲ့အခါ အမျိုးသားဟာ နောက်တစ်နေ့ မနက်အစောကြီး လေယာဉ်စီးပြီး
ခရီးသွားရာမှာမို့ သူ့ကိုနှိုးဖို့ ဇနီးသည်ရဲ့ အကူအညီ လိုအပ်လာပါတော့တယ်။

အမျိုးသားဟာ သူကစပြီး စကားမပြောချင်တာကြောင့် စာရွက် တစ်ရွက်ပေါ်မှာ
"ငါ့ကို မနက်ကျရင် ၅ နာရီမှာ နှိုးပါ"လို့ ရေးပြီး ဇနီးသည် မြင်နိုင်တဲ့နေရာမှာ ထားလိုက်ပါတယ်။

နောက်တစ်နေ့ အမျိုးသားနိုးလာတဲ့အခါ မနက် ၉ နာရီ ရှိနေပြီမို့ စီးရမယ့် လေယာဉ်
လွတ်သွားပါတော့တယ်။

ဒေါသအရမ်းထွက်နေတဲ့ အမျိုးသားဟာ ဇနီးသည်ကို အော်ဟစ်ဖို့ ရှာဖွေလိုက်တဲ့အခါ သူ့အိပ်ရာ
ဘေးမှာ စာရွက် တစ်ရွက်ရှိနေတာကို တွေ့လိုက်ရပါတယ်။

စာရွက်ပေါ်မှာ ရေးထားတာကို ဖတ်ကြည့်တဲ့အခါ "၅ နာရီ ထိုးပြီ။ ထတော့"တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit : Myanmar.mmtimes

No comments:

Post a Comment