Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, 2 May 2016

အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဘားတစ်ခုမှာ ဆုံမိကြပါတယ်။
မျက်လုံးချင်းဆုံ၊ စကားစမြည်ပြောပြီး အဆင်ပြေပြီးတဲ့နောက် အမျိုးသမီးရဲ့အိမ်ကို သွားကြဖို့
သဘောတူလိုက်ကြပါတယ်။

အနည်းငယ် သောက်ပြီးတဲ့နောက်မှာ အမျိုးသားဟာ သူ့ရှပ်အင်္ကျီကို ချွတ်လိုက်ပါတယ်။
ပြီးတဲ့နောက် လက်ဆေးပါတယ်။

ခဏကြာတော့ ဘောင်းဘီကို ချွတ်လိုက်ပြီး လက်ဆေးပြန်ပါတယ်။
အမျိုးသားရဲ့ လှုပ်ရှားကို ထိုင်ကြည့်နေတဲ့အမျိုးသမီးက "ရှင်ဟာ သွားဆရာဝန်ပဲဖြစ်ရမယ်" လို့
ပြောလိုက်တာမို့ "မင်း ဘယ်လိုများ ခန့်မှန်းနိုင်တာလဲ"လို့ အမျိုးသားက အံ့ဩတကြီးနဲ့
မေးလိုက်ပါတယ်။

"လွယ်လွယ်လေးပါ" လို့အမျိုးသမီးက ပြန်ပြောလိုက်ပြီး "ရှင် လက်ချည်းဆေးနေတာ
တွေ့ရလို့လေ"လို့လည်း ဆိုလိုက်ပါတယ်။

ဒီလိုနဲ့ အချစ်စခန်းဖွင့်ကြပြီးတဲ့နောက် "ရှင်ဟာ သွားဆရာဝန်ကောင်းတစ်ယောက်ပဲ ဖြစ်ရမယ်"လို့
အမျိုးသမီးက ပြောလိုက်ပါတယ်။

ဒီစကားကြားလိုက်ရတဲ့ အမျိုးသားဟာ ကျေနပ်သွားပြီး "သေချာတာပေါ့။ ကိုယ်က သွားဆရာဝန်
ကောင်းပဲ။ ဒါကိုလည်း မင်းဘယ်လိုသိတာလဲ" လို့ မေးလိုက်ပြန်ပါတယ်။

အဲဒီမှာ အမျိုးသမီး ပြန်ပြောလိုက်တာက "ကျွန်မ .. ဘာကိုမှ မခံစားရလို့လေ" တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit : Myanmar.mmtimes
http://www.phothutaw.com/2016/04/blog-post_658.html မှ ကူးယူထားပါသည်။

No comments:

Post a Comment