ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေး လိုက်တယ်နော်။
ဒိန်ချဉ်လုပ်နည်း
၁ ။ နွားနို့  ၁ ပိသာ ကို ဆူအောင်ကျိုပါ။ ကျိုတဲ့ အခါ ဆူရုံလေးပဲ မထားပါနဲ့ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ် ပါစေနဲ ။
၂ ။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့ အထိ မစောင့်ရပါ ( နွေးနွေး လေးမှာ အလျဉ် ကို ထည့်ရမှာမို့ပါ) လက်ညှိုးကို ထည့်ကြည့်လို့ အပူခံနိုင်တယ် ဆိုရုံလေးပေါ့။
၃ ။ အလျဉ် ( ဟင်းခတ်ဇွန်း ၁ ဇွန်း ) ထည့်ပြီး မွှေပေးပါ။
၎ ။ ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်း အပူချိန် မှာပဲ ထားရမှာပါ။ ၂၄ နာရီ ပြည့်ရင် ဒိန်ချဉ်ဖြစ်ပါပြီ။
သတိပြု ရမှာတွေက လေလုံအောင် အိုးကို ပိတ် မထား ရပါဘူး ခဏခဏ လည်း မမွှေရ ပါဘူး အလျဉ် ထည့်ချိန်မှာ သာ မွှေပေး ရတာပါ။ အလျဉ် ထည့်ချိန်မှာ လုံးဝ အေးမနေရပါဘူး။

အလျဉ်ကို ဘယ်လို လုပ်ရ တာလဲ ဆိုတော့ နွားနို့ အစိမ်း အကြမ်း ပန်းကန် ၁ လုံးစာကို. ဘာမှ မလုပ်ဘဲ ဘာမှ မထည့်ဘဲ အခန်း အပူချိန်မှာ ၂၄ နာရီ ထားရင် အလျဉ် ဖြစ်ပါပြီ။ အဲဒီ အလျဉ်ကို အပေါ်ယံပဲ ဖြစ်ဖြစ် မွှေပြီးပဲ ဖြစ်ဖြစ် သုံးနိုင် ပါတယ်။
ဒိန်ချဉ် ရပြီ ဆိုရင်တော့ နောက်ထပ် လုပ်မဲ့ ဒိန်ချဉ် အတွက် ဒိန်ချဉ် အဟောင်းကိုပဲ အလျဉ် အဖြစ် သုံးနိုင်ပါတယ်။
အချိုးအဆ ကတော့ နွားနို့ ၁ပိသာ ကို အလျဉ် ၁ ဇွန်း ပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီိ ဆိုရင် ရေခဲသေတ္တာ ထဲမှာအကြာကြီး ထားလို့ ရပါတယ်။
ဒိန်ချဉ်နဲ့ စားဖို့ သကြားရည်ပဲ ကျိုကျို ထန်းလျက်ရည်ပဲ ကျိုကျို ဆားလေး နဲနဲထည့်ကျိုပါ။
ရေကိုတော့ အများကြီး မထည့်ပါနဲ့ သကြားရော ထန်းလျက်ရော က အပူပေးရင် ပျော်ပါတယ် အိုးမကပ် ရုံသာ ရေထည့်ပါနော်:-)
ကဲဘော်ဘော်တို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြနော်:-)
Post လေးကိုကြိုက်တယ်ဆိုရင် ဒီပြင်သူငယ်ချင်းတွေလည်း သိရအောင် share ပေး လိုက်ပါအုံးနော်
No comments:
Post a Comment