Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, 27 April 2016

သင့်ကို ကင်ဆာရောဂါ ပေးနေတဲ့ အစားအစာ

ကင်ဆာရောဂါ အဖြစ်အများဆုံးက ဘယ်သူတွေလဲဆိုတာ သင် မှန်းဆပြီးနေလောက်ပါပြီ။  ကံမကောင်းစွာနဲ့ပဲ လူများစွာဟာ သကြားစားပြီး ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှု သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိကြပါတယ်။
 
သိပ်မကြာသေးမီက ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်စုမှ ပြုလုပ်တဲ့ သုတေသနတစ်ခု ရှိပါတယ်။ နှစ်တိုင်း ကမ္ဘာတစ်ဝှမ်း ဝေဒနာရှင် ၃၅ မီလီယံကျော် ဖြစ်ပေါ်စေပါတယ်။ သူတို့ စားသုံးတဲ့ အစားအသောက်အသီးသီးမှာ သကြားတွေ ပေါင်းစပ်ပါဝင်နေတာ တွေ့ပါတယ်။ သကြားက ဆီးချို၊ metabolic syndrome၊ hypoglycemia၊ hyperglycemia၊ နှလုံးရောဂါ၊ ကင်ဆာ စတဲ့ ကျန်းမာရေးပြသနာများစွာ စတင်ဖြစ်ပေါ်စေပါတယ်။ အမေရိကနိုင်ငံ အိုတပြည်နယ်ရှိ ကင်ဆာရောဂါအသင်းအဖွဲ့မှာ ပြုလုပ်တဲ့ လေ့လာမှုမှာ သကြားဟာ အကြိတ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကတရားခံ ဖြစ်ကြောင်း တွေ့ရပါတယ်။ 
 
အကြိတ်ဆဲလ်တွေဟာ သာမန်ဆဲလ်များထက် ဂလိုးကို့စ် ပိုသုံးကြပါတယ်။ အချိုဓာတ် ပိုစားတဲ့လူတွေဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း များစွာသော တခြားလေ့လာချက်တို့က ဖော်ပြထားပါတယ်။ ကင်ဆာဆဲလ်တွေဟာ သာမှန် ကာဗွန်ဟိုက်ဒရိုက်နဲ့ အသက်ရှင်နိုင်ပါတယ်။ 
 
သကြားဟာ အလားအလာရှိတဲ့ ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပြီး ကင်ဆာဆဲလ်များအတွက် အကောင်းဆုံးအစာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သကြားစားသုံးမှု လျော့ချသင့်တယ် သို့မဟုတ် လုံးဝအသုံးမပြုသင့်ဘူးလို့ ကျွမ်းကျင်ပညာရှင်များက အကြံပြုထားပါတယ်။
http://www.trend.com.mm/2016/04/05/health-9238 မှ ကူးယူထားပါသည်။
 
Origianl Source - http://www.healthyfoodstar.com/this-ingredient-feeds-the-cancer-avoid-it/

No comments:

Post a Comment